- ပူတာအိုမြို့နယ် ဖတ်မာကျေးရွာမှာ ရွှေတူးဖော်တာမပြုလုပ်ဖို့ ဒေသခံပြည်သူတွေ အကြိမ်ကြိမ် ကန့်ကွက်ပေမဲ့ ဆက်လက်တူးဖော်နေတာကြောင့် ရွှေမှော်လုပ်ငန်းခွင်ကို လူအင်အားနဲ့ သွားရောက်ဖျက်ဆီးခဲ့ပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA တို့ကြား တိုက်ပွဲကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံးမှုရှိပြီး ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
- ကချင်မျိုးနွယ်စုတွေဟာ ခေတ်အဆက်ဆက် တောင်ယာလုပ်ငန်းကို တန်ဖိုးထားပြီး လုပ်ကိုင်စားသောက်လာကြတာဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်ဒေသက ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေ တောင်ယာစပါးစိုက်ပျိုးချိန် ဘယ်လိုနည်းနဲ့စိုက်ပျိုးပြီး လုပ်ကိုင်စားသောက်ကြတယ်ဆိုတာကို တင်ဆက်ပေးမှာဖြစ်ပါတယ်။