တစ်နိုင်ငံလုံးအနှံ့နီးပါး စစ်မျက်နှာဖွင့်ပြီး ရှေ့တန်းတပ်အင်အား ဖြန့်ကျက်ထားရတဲ့ စစ်ကောင်စီက တပ်မတော် ဆိုင်ရာ စစ်တက္ကသိုလ်၊ ဆေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တွေမှာ ၁၀ တန်း အောင်မြင်ပြီးသူ လူငယ်တွေ ကို ဗိုလ်လောင်းခေါ်ယူနေပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ခေါ်ယူမယ့် စစ်ကောင်စီရဲ့ တက္ကသိုလ် ၃ ခုက ဗိုလ်လောင်းသင်တန်းအတွက် လျှောက်လွှာတွေကို ဇွန် ၁၂ ရက်နေ့ကစပြီး နီးစပ်ရာတိုင်းစစ်ဌာနချုပ်တွေမှာ အခခဲ့ရယူနိုင်တယ်လို့ စစ်တပ် လက်အောက်ခံ သတင်းစာတွေမှာ ဖော်ပြပါတယ်။
စစ်တက္ကသိုလ်၊ ဆေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တွေမှာ လျှောက်ထားသူတွေအနေနဲ့ နောက်နှစ် ဇန်နဝါ ရီ ၁ ရက်နေ့မှာ အသက် (၁၆) နှစ်အောက် မငယ်ရသလို ၁၉ နှစ်နဲ့ ၆ လအထက် မကြီးရဘူးလို့ သတ်မှတ်ထား တာ တွေ့ရပါတယ်။
ဒါပေမဲ့ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ခေါ်ယူတဲ့ ဗိုလ်လောင်းသင်တန်း လျှောက်ထားသူတွေရဲ့ အသက်ကန့်သတ်ချက်မှာတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ အသက် (၁၆) နှစ်အောက် မငယ်ရသလို (၁၈) နှစ်ထက်မကြီးရဘူးလို့ ဖော်ပြထားတာပါ။
ဗိုလ်လောင်းသင်တန်းခေါ်ယူတာနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြည်သူတစ်ရပ်လုံး စစ်တပ်ထဲဝင်ဖို့ စိတ်ကုန်ခန်းနေတဲ့ခေတ်ကာလမှာ ဒီလိုမျိုး ကြေညာချက်ထုတ် စည်းကမ်းတွေလျှော့ပေါ့ပြီး ခေါ်နေတာလို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီအနေနဲ့ စစ်ဗိုလ်စစ်သားတွေကို ရွှေချထားတဲ့အင်အားစုအဖြစ် မြင်တဲ့ခေတ်ကာလ ကုန်ဆုံးသွား ပါပြီ။ ဒါကြောင့် သူဘယ်လောက်ခေါ်ခေါ် ဗိုလ်သင်တန်းတွေ စစ်တပ်ဆရာဝန်သင်တန်းတွေ၊ စစ်တပ် အင်ဂျင် နီယာသင်တန်းတွေမှာ ဘယ်နှစ်ကနေ သင်တန်းပြည့်မီတယ်ဆိုတာ မရှိပါဘူး။ အခုက နည်းပါးသော စစ်ဗိုလ် မိသားစုတွေရဲ့ သားသမီးတချို့သာ ရှိပါတော့တယ်။ ကျန်တဲ့ ပြည်သူတစ် ရပ်လုံးရဲ့ သားသမီးတွေကတော့ စစ် တပ်ထဲဝင်ဖို့ စိတ်ဓာတ်ကုန်ခန်းနေတဲ့ ခေတ်ကာလကြီး ဖြစ်တဲ့အတွက် ဒီလိုကြေညာချက်တွေထုတ် စည်းကမ်း တွေ လျှော့ပေါ့ပြီး ခေါ်နေတာလို့ မြင်ပါတယ် ခင်ဗျ” လို့ သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ခေါ်ယူတဲ့ တပ်မတော်ဆိုင်ရာ စစ်တက္ကသိုလ်၊ ဆေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တွေမှာတော့ ဝင်ခွင့်လျှောက်ထားသူတွေ နည်းပါးတာကြောင့် ကိုဗစ်အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်ကနေ လျှောက်လွှာဖောင်ပိတ်ချိန်ကို ၂ လအထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ရတာပါ။
တပ်မတော် ဗိုလ်ရွေးအဖွဲ့ (OTT) နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်မှာ တပ်မတော် စစ် တက္ကသိုလ်၊ ဆေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ် တစ်ခုချင်းစီမှာ လျှောက်ထားသူ ၄၀၀ ဝန်းကျင်သာရှိ တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
CDM ဗိုလ်ကြီးကောင်းသူဝင်းကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်မတော် စစ်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်တွေမှာ ဝင်ခွင့်လျှောက်သူ ရာဂဏန်းလောက်သာ ရှိတော့တယ်လို့ သံလွင်တိုင်းမ် ကို ပြောပါတယ်။
“အာဏာသိမ်းပြီးကာလမှာတော့ တော်တော်ကို နည်းသွားတာပေါ့။ ရာဂဏန်းဆို ၁၀၀ ၊ ၂၀၀ လောက်ပဲ တက် ရောက်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ ဒါတောင် စစ်တက္ကသိုလ်တစ်ခုတည်းမှာပေါ့။ ကျန်တဲ့တခြားသော DSTA (စစ်နည်းပညာတက္ကသိုလ်)၊ DSMA (စစ်ဆေးတက္ကသိုလ်) တို့မှာတော့ အရင်ထဲက တစ်နှစ်ကို ၅၀၀ ဝန်း ကျင်လောက်တော့ ခေါ်တာတွေရှိတယ်။ အခုချိန်မှာလည်း သူတို့တွေကို ခေါ်တော့ခေါ်တယ်၊ ဒါပေမဲ့ ရာ ဂဏန်းလောက်ပဲ ရှိတယ်လို့တော့ ထင်တယ်” လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာမသိမ်းခင်ကာလ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ခုနှစ်အထိ စစ်တက္ကသိုလ်တစ်ခုတည်းမှာတင် ဝင် ခွင့်လျှောက်ထားသူ ၁၀၀၀ ကနေ ၂၀၀၀ ဝန်းကျင်အထိ ရှိခဲ့ပြီး ဗိုလ်လောင်းသင်တန်းဆင်းချိန်မှာလည်း ၁၀၀၀ ကျော်နဲ့ ၂၀၀၀ ဝန်းကျင်အထိ နှစ်အလိုက်လိုအပ်ချက်အရ ရှိခဲ့တယ်လို့ ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါ တယ်။
နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ လက်နက်အားကိုးနဲ့ နိုင်ငံ့ အာဏာအရပ်ရပ်ကို တစ်ကျော့ပြန် သိမ်းယူခဲ့တဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်သတ် ဖြတ်မှုတွေ၊ ဖမ်းဆီး နှိပ်စက်မှုတွေကြောင့် လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြတာပါ။
ဒီအခြေအနေမှာ တပ်မတော်နဲ့ အရပ်သားပြည်သူတွေကြား ရင်ဘတ်ချင်း အလှမ်းဝေးကွာခဲ့ရသလို စစ်တပ် အသိုင်းအဝိုင်းကိုလည်း ဝင်ရောက်လိုစိတ် မရှိကြတော့တဲ့အတွက် တပ်အင်အား ရေသောက်မြစ်ဖြစ်တဲ့ စစ် ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာလည်း စစ်ကောင်စီတပ်ကို နေ့စဉ်နဲ့အမျှ ခုခံတွန်းလှန်နေတာ ဖြစ်ပါတယ်။
နိုင်ငံရေး အကဲခတ်တွေနဲ့ စစ်တပ်အသိုင်းအဝိုင်း တချို့ကတော့ စစ်ကောင်စီခေါ်ယူနေတဲ့ စစ်တက္ကသိုလ်၊ နည်း ပညာတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းကို စစ်တပ်အရာရှိ သားသမီးတွေနဲ့ စစ်တပ်ထောက်ခံ တဲ့ အသိုင်းအဝိုင်းလောက်သာ တက်ရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။