ဒေသခံများကန့်ကွက်နေသည့်ကြား မြေရှားတူးဖော်ရန် KIO ပြင်ဆင်နေ

ဒေသခံများကန့်ကွက်နေသည့်ကြား မြေရှားတူးဖော်ရန် KIO ပြင်ဆင်နေ

ချီဖွေမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ ဌာနချုပ် ဖရဲ (Hpare) ကျေးရွာအတွင်းထိ ဒေသ ခံများ ကန့်ကွက်နေသည့်ကြား မြေရှားဆက်လက်တူးဖော်ရန် KIO က ပြင်ဆင်နေသည်ဟု ဒေသခံများက ပြော သည်။

ဖရဲကျေးရွာအနီးတစ်ဝိုက် တောင်ကြောတစ်လျှောက် KIO အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစပြီး စီးပွားရေးလုပ်ငန်းရှင်များမှ မြေရှားတူးဖော်လာခဲ့ရာ ၂၀၂၃ ခုနှစ်မှစပြီး ကျေးရွာနယ်မြေအတွင်းသို့ ဆက်လက် တူးဖော် ဝင်ရောက်လာသောကြောင့် ဧပြီလမှစတင်ပြီး ဒေသခံများသည် စာဖြင့်သော်လည်းကောင်း၊ စကားဖြင့် သော်လည်းကောင်း အကြိမ်ကြိမ် ကန့်ကွက်ခဲ့ကြသည်။

သို့သော်  KIO ဘက်မှဆက်ပြီးတူးဖော်ရန် ပြင်ဆင်နေသောကြောင့် မေလ ၃၀ ရက်နေ့တွင် ဒေသခံပြည်သူ အချို့နှင့် မြေရှားသတ္တုတူးဖော်မှုတွင် ဦးဆောင်နေသူများအား တွေ့ဆုံညှိနှိုင်းဆွေးနွေးရာ KIO ဗဟို အမိန့် ဖြစ်သောကြောင့် တူးဖော်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဒေသခံများကို ပြောသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “သူက ကျေးရွာအနီးအဝေး ပတ်ဝန်းကျင်တလျှောက်က အား လုံးတူးဖော်ပြီးသွားပြီဟုတ်တယ်။ အခုက ကျေးရွာအထဲဘက်က မတူးသေးတာဖြစ်တယ်။ ရွာအပြင်က တူးပြီး ရွာထဲရေစီးဝင်တဲ့ဘက် မျက်နှာမူတူးဖော်လာလို့ ရွာသားတွေက မတူးဖော်ဖို့ပြောနေကြတာဟုတ်တယ်။  ‘၀’ ဘက်က လုပ်ငန်းရှင်တွေက မြေရှားတူးဖို့စောင့်ကို လာစောင့်နေကြတာ ၁ နှစ်လောက်တောင်ရှိပြီ” ဟု ပြော သည်။

 ဖရဲကျေးရွာအနီး မြေရှားတူးဖော်ရာတွင် KIO နှင့် ‘၀’ ပူးပေါင်းကာ တူးဖော်နေခြင်းဖြစ်ပြီး မေလ နောက်ဆုံးပတ် ဝန်းကျင်တွင် ရွာမြေဖြစ်သည့် ကျေးရွာအဝင်တစ်လျှောက် နေရာများတွင် တူးဖော်ခဲ့ကြသည့်အပြင် လက်ရှိတွင် ကျေးရွာအတွင်းတူးဖော်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ဒေသခံများ၏ ပြောဆိုချက်အရ အဆိုပါ မြေရှားသတ္တုတူးဖော်မှုအတွက် ဆွေးနွေးညှိနှိုင်းစဉ် ကတည်းကပင် ဒေသခံများက ကန့်ကွက်ခဲ့ကြသော်လည်း KIA အနေဖြင့် လုံခြုံရေးယူပေးကာ တူးဖော်ရန် ပြုလုပ်နေခြင်း ဖြစ် သည်ဟု သိရသည်။

ဒေသခံများသည် ယခုကဲ့သို့ ကန့်ကွက်နေခြင်းသည် မြေရှားသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် အက်ဆစ် ဓာတုဆေးများကြောင့် ဒေသတွင်း စိုက်ပျိုး၊ မွေးမြူရေးအပြင် အနာဂတ် ကလေးငယ်များအတွက် ကြုံတွေ့လာ နိုင်သည့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် အသက်ရှင်သန်နေထိုင်ရေးတွင် အဆိပ်သင့်မည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိပန်ဝါမြို့၏ အရှေ့မြောက်ဘက် KIA တပ်မဟာ-၇ စိုးမိုးရာ နယ်မြေ သီးသန့်အုပ်ချူပ်နယ်မြေဖြစ်သည့် ဖရဲကျေးရွာအနီး မြေရှားတူးဖော်မှုကိုမှု KIO/KIA ဘက်က တူးဖော်နေခြင်းဖြစ်သည်။

ထို့ကြောင့် ချီဖွေမြို့နယ်တွင် သဘာ၀သယံဇာတကို တူးဖော်နေသူများမှာ လက်နက်ကိုင်များသာ ဖြစ်သော ကြောင့် မြေရှားသတ္တုတူးဖော်မှုကိုလည်း ကန့်ကွက်ရန် မလွယ်လှကြောင်း ချီဖွေဒေသခံတစ်ဦး KNG ကို ယခုကဲ့ သို့ ပြောသည်။

“ဖရဲကျေးရွာမှာက ၂ နှစ်လောက်ရှိလာပြီ။ မြေရှားတူးဖော်နေတာ။ အရင်ကတော့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် တွေ ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ တူးနေတာကို ကန့်ကွက်တဲ့လုပ်ငန်းတွေ အကြိမ်ကြိမ်တွေ ပြုလုပ်ကြတယ်။ အဲ့အချိန်တုန်းကတော့ KIA ဘက်က မတူးသေးဘူး။ ဘယ်သူ့ကို သွားကန့်ကွက် သွားပြောဖို့လည်း အားလုံးက လက်နက်ကိုင်ပြီးတူးနေကြတာဆိုတော့ တော်တော်ခက်တယ်။ မံစီဘက်တော့ ရွာသားတွေကိုယ်တိုင်လည်း အမြင်ဖွင့်တော့ အဲ့ဘက်ကတော့ ကန့်ကွက်နိုင်ကြတယ်။ ကျနော်တို့ဘက်ကတော့ ရွာသားတွေကိုယ်တိုင်က လည်း အမြင်မပွင့်ဘူး။ ငွေရေးကြေးရေးခက်ခဲတော့လည်း ငွေလာပေးနုတ်ပိတ်ရင် ယူပြီးနေလိုက်ကြတာ အဲ့ဒါတွေလည်းပါတာပေါ့လေ” ဟု ပြောသည်။

ဖရဲကျေးရွာသည် ချီဖွေမြို့မှ တစ်ရက်အကြာ သွားလာရသည့်နေရာတွင် တည်ရှိပြီး တရုတ်ဖုန်းလိုင်းသာရရှိသည်။ မြန်မာဖုန်းလိုင်းနှင့် အင်တာနက်လိုင်း မရရှိသော ဒေသဖြစ်သည်။

အလားတူ ကချင်ပြည်နယ်တွင် ပန်ဝါ နှင့် ချီဖွေဒေသတွင်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ၏ စနစ်မကျသော မြေရှားသတ္တုတူးဖော်မှုများကို ဒေသခံများ အစွမ်းကုန် ကန့်ကွက်ခဲ့ကြ သော်လည်း ဆက်ပြီးတူးဖော်နေဆဲဖြစ်သည်။

ကချင်ပြည်နယ် မံစီမြို့နယ် အင်ဘာပါဒေသ ဒိန်ဆင်းပါကျေးရွာတွင် မြေရှားတူးဖော်ရန် KIO က စမ်းသပ်လုပ် ဆောင်နေမှုကို ဒေသခံများက အပြင်းအထန် ကန့်ကွက်ခဲ့သောကြောင့် ပြီးခဲ့သည့် ဧပြီလက KIO က ရုပ်သိမ်းပေး ခဲ့သည်။

Most read this week

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...