ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေကို အလုပ်ကြမ်းခိုင်းဖို့ညွှန်ကြား

ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေကို အလုပ်ကြမ်းခိုင်းဖို့ညွှန်ကြား

မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်း သားတွေကို အလုပ်ကြမ်းခိုင်းဖို့ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက နှုတ်မိန့်နဲ့ ညွှန် ကြားလာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကတော့ စစ်ကောင်စီဘက်က အလုပ်ကြမ်းခိုင်းစေဖို့ ညွှန်ကြားလာတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ပိုမိုဖိနှိပ်ခံလာရနိုင်တယ်လို့ ပြောပါတယ်။

“အရင်တုန်းကဆိုရင် နိုင်ကျဉ်းတွေကို ဒီကျိုက်မရောထောင်မှာ အလုပ်မခိုင်းဘူး။ နေပူထဲမှာထင်း ပေါက်ရတာ တို့၊ မြက်ပေါက်ရတာတို့၊ ခြံစိုက်ရတာတို့၊ မစင်ပုံးသွန်းရတာတို့၊ သေးပုံးသွန်ရတာတို့ကိုလုပ်ရတာ ဆေးမှုတို့ တခြားအမှုတွေကတော့ လုပ်ရတယ်။ နိုင်ကျဉ်းတွေကတော့ မလုပ်ရဘူး။ အခုက ဒီထင်းဘုတ်တို့၊ ဖွဲဘုတ်တို့၊ ပန်းရံဘုတ်တို့မှာ အခုအလုပ်ခိုင်းမယ်ဆိုပြီးတော့ နှုတ်မိန့်တော့လာတယ်။ အလုပ်ကြမ်း လုပ်ရရင်ဆိုးတယ်။”

စစ်ကောင်စီဟာ အရင်ကတခြားပြစ်မှုနဲ့ ပြစ်ဒဏ်ကျူးလွန်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ သူတွေကို သာ အလုပ်ကြမ်းခိုင်းစေခဲ့ရာကနေ အခုအခါမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကိုပါ အလုပ်ကြမ်းခိုင်းစေဖို့ ညွှန်ကြားလာတာပါ။

နှုတ်မိန့်နဲ့ညွှန်ကြားမှုမှာတော့ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့မည်သူမဆို နေ့စဉ် အလုပ်ကြမ်းခိုင်းစေဖို့ နဲ့ အလုပ်မလုပ်ဖို့ ငြင်းဆန်တဲ့သူတွေကို နည်းမျိူးသုံးပြီးဖိနှိပ်ဖို့ စေခိုင်းလာတာဖြစ်ပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူ “လူတစ်ယောက်ဟာ ဘယ်လိုပြောမလဲ မနက် (၆) နာရီကနေ တန်းစီရတယ်၊ တန်းစီ ပြီးရင် အလုပ်ခိုင်းပြီး၊ သူဘာသူ နေပဲပူပူ၊ မိုးပဲရွာရွာဘာပဲဖြစ်ဖြစ် သူတို့အလုပ်မဟုတ်ဘူး။ အလုပ်ကနားလို့ မရဘူး။ အချောင်ခိုမယ် နားမယ်ဆိုရင် အနောက်ကနေ တုတ်နဲ့ရိုက်မယ်၊ ခိုင်းမယ်၊ မခိုင်းမယ်တော့ သေချာ တော့မသိသေးဘူး။ ခိုင်းမယ်လို့တော့ နှုတ်မိန့်နဲ့ပြောထားပြီးပြီး” လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေဟာ လက်ရှိမှာတော့ နေ့လည်ပိုင်း တန်းပိတ်ချိန်တွေမှာ နားချိန်၊ အိပ်ချိန် တွေရှိပေမယ့် အလုပ်ကြမ်းလုပ်ရပါက အရင်လိုနားချိန်၊ အိပ်ချိန်တွေရှိတော့မှာ မဟုတ်သလို တစ်နေကုန် အလုပ်ကြမ်းလုပ်ရမှာ ဖြစ်တာကြောင့် အခက်အခဲရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူ အခြားတစ်ဦးကလည်း စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခန်းကို အကြောင်းပြချက်မရှိဘဲ ရှာဖွေရေးဆိုပြီး နေ့စဉ်ဝင်ရောက်ကာ စိတ်အနှောင့်အယက် ပေးတာနဲ့ ဖိနှိပ်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“ကျိုက်မရောထောင်မှာက လောလောလတ်လတ်ပေါ့ နေ့စဉ်ရှာဖွေရေးဝင်တယ်။ ကျွန်တော်တို့က အခန်းထဲ မှာဆိုရင် အယောက် (၄၀) ပေါ့။ ကိုယ့်အိပ်ယာနဲ့ကို ထားထားတာပေါ့။ သူတို့ဝင်လာရင် သူတို့က ဗြောင်းဆန် ပစ် လိုက်တယ်။ အကုန်လုံးကို အဝတ်အစားတွေ ထုတ်ပစ်၊ ဖွပြီးတော့မှ ရှာချင်တာရှာပြီးရင် ဒီအတိုင်း ပုံပြီး ထားတယ်။ သူတို့ရှာဖွေရေးပြီးရင် ကိုယ်ပစ္စည်းကိုယ်ပြန်သိမ်း။ အဲ့ဒါပစ္စည်းပျောက်တာ၊ ပျက်စီးတာရှိတယ်။ တစ်  ပတ်တစ်ခါလောက် ရှာရင်တော့ နည်းနည်းတစ်မျိုးသွားတယ်လေ။ တခြားဆောင်ကို အဲဒီလိုမရှာဘူး။ ဒါ ပေမယ့် နိုင်ကျဉ်းဆောင်က အိပ်ဆောင်(၃)ပေါ့။ အဲဒီမှာကျတော့ နေ့တိုင်းပဲ၊ အကြောင်းပြချက်က ဘာမှ မဟုတ်ဘူးလေ၊ စိတ်ဒုက္ခပေးတာပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်တွေမှာ အရင်ကထက် ဖိနှိပ် တာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်လာသလို ရသင့်ရထိုင်တဲ့ အခွင့်အရေးတွေ တောင်းဆိုပါကလည်း တိုက်ပိတ်တာ၊ တခြားထောင် ပြောင်းရွေ့တာတွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အကျဉ်းထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့် အဝ မပေးသလို နည်းလမ်းအမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာ၊ ရိုက်နက်ညှဉ်းပန်း နှိပ်စက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ကျိုက်မရော ဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ထားရှိပြီး လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် အနယ်နယ်အရပ် ရပ်က နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၄၀၀) နီးပါး ရှိနေပါတယ်။

November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...
ဓာတ်ပုံ-CJ
November 12, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန်...