ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ပြီး ၁ ဦးသေ ၁၀ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ပြီး ၁ ဦးသေ ၁၀ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့တွင် တရားမဝင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ကားတစ် စီးကို ရဲက တားဆီးစဉ် မရပ်တန့်ဘဲ မောင်းပြေးရာမှ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ်ပါလာသူ ၁ ဦး သေဆုံး ကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

မေလ ၃၁ ရက်နေ့၊ ည ၉ နာရီခွဲ အချိန်ခန့်တွင် ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသည့် ပစ်ကပ်ကား ၃ စီးကို ထိုင်းအာဏာပိုင်များက သတင်းအရ ရပ်တန့်ခိုင်းရာတွင် မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးရာမှ တိမ်းမှောက်သွားခြင်း ဖြစ်သည်။

အဆိုပါ ကားမှာ စံခလဘူရီမြို့ နောင်လူကျေးရွာ၊ အုပ်စု (၃)အနီးတွင် ကားတစ်စီး တိမ်းမှောက်သွားကြောင်း ထိုင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “ကိုယ့်မြန်မာနိုင်ငံသားတွေ သူများနိုင်ငံထဲမှာ သက်စွန့်ဆံဖျား အလုပ်လုပ်ဖို့ လာရင်းကနေ အခက်အခဲတွေ၊ ဒုက္ခတွေက အမျိုးမျိုး ကြုံကြ ရတယ်။ အခုလို အသက်သေဆုံးတဲ့အထိ ဖြစ်ရတယ်။ ထိခိုက်ဒဏ်ရာတွေ ရတယ်ဆိုတော့ စိတ်ထဲမကောင်း ဖြစ်မိပါတယ်” ဟု ပြောသည်။

ပစ်ကပ်ကားတစီး တိမ်းမှောက်ခဲ့သည့် နေရာသို့ ထိုင်းအာဏာပိုင်များ သွားရောက်စစ်ဆေးခဲ့ရာ  မြန်မာ နိုင်ငံ သားများကို တင်ဆောင်လာသည့် ပစ်ကပ်ကား ၃ စီးထဲမှ တစ်စီးဖြစ်နေကြောင်း တွေ့ရသည်ဟု ထိုင်းသတင်း များတွင် ဖော်ပြထားသည်။

အဆိုပါ ကား တိမ်းမှောက်သည့် နေရာတွင် အသက် ၂၂ နှစ်ခန့် အရွယ်ရှိ (နိုင်လင်းကို) ဆိုသူကို သေဆုံးလျှက် တွေ့ရှိခဲ့ရပြီး အခင်းဖြစ်သည့် နေရာ အနီးတောထဲ၌ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၀ ဦးကို တွေ့ရှိခဲ့ရသည်ဟု ဖော်ပြထားသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို စံခလဘူရီဆေးရုံသို့ ပို့ဆောင်ပေးလိုက်ပြီး ကျန် ၁၀ ဦးကို စံခလဘူရီ ရဲစခန်းတွင် စစ်ဆေးမေးမြန်းရန် ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကားနှင့် ပွတ်တိုက်ခံလိုက်ရသည့် ထိုင်းရဲတစ်ဦးလည်း ဒဏ်ရာ ပြင်းထန်ခဲ့သည့်အတွက် ဆေးဝါးကုသခံယူ နေရ သည်ဟု သတင်းများက ဆိုသည်။

ထို့အပြင် အခြား ကားနှစ်စီးနှင့် ယာဉ်မောင်းတို့၏ နောက်ဆက်တွဲ အခြေအနေများကိုမူ ထိုင်းသတင်းမီဒီယာ ဌာနများ က ဆက်လက်ဖော်ပြထားခြင်း မရှိသေးပေ။

Photo - Thai News

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...