သံတံတား စစ်ဆေးရေးဂိတ်စခန်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံး

သံတံတား စစ်ဆေးရေးဂိတ်စခန်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံး

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့ နှင့် ဘီး လင်းမြို့ အစပ်ရှိ စစ်ကောင်စီ၏ သံတံတား စစ်ဆေးရေးဂိတ်စခန်းသို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် - KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂) ဦး သေဆုံးခဲ့ သည်ဟု ကေအဲန်ယူ သတင်းအရင်းအမြစ်များက ပြောသည်။

မေလ (၃၁) ရက်နေ့၊ နံနက် (၅) နာရီခွဲ အချိန်ခန့်တွင် စတင်ဖြစ်ပွားခဲ့သော KNLA တပ်ရင်း (၃) ပူးပေါင်း တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဖက်ထိတွေ့တိုက်ပွဲသည် ၂ နာရီနီးပါး ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဥ်အတွင်း စစ် ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ကေအဲန်ယူမှ နယ်မြေခံ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“KNLပူးပေါင်းတပ်ဖွဲ့ဘက်က ဖော်ဆောင်တဲ့မြေပြင်တိုက်ပွဲပါ။ တိုက်ပွဲဖြစ်တုန်းတော့ နှစ်ဖက်စလုံး လက်နက် ကြီးငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ကြပါတယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်(၅)ဦးလည်း ဒဏ်ရာရတယ်။ မစိုးရိမ်ရတဲ့အနေအထားပါ” ဟု အဆိုပါနယ် မြေတာဝန်ရှိသူက ကေအိုင်စီသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဘီးလင်းမြို့ ဝင်းပြန်ကျေးရွာ ဘုရားကုန်းနှင့် အလူးကျေးရွာဘက်ရှိ စစ်ကောင်စီ တပ် စခန်းမှ လက်နက်ကြီး (၆) လုံး ထက်မနည်း ပစ်ခတ်ခဲ့ရာ အလူးအရှေ့ရွာလေးရှိ ဒေသခံတစ်ဦး၏ ခြံဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်က ပြောသည်။

ဘီးလင်းမြို့ခံတစ်ဦးက “ဦးစိန်လှအောင်ရဲ့ခြံထဲကို လက်နက်ကြီးကျတယ်။ သူ့ခြံ ကဥယျာဥ်ခြံသပ်သပ်ဆိုတော့ လက်နက်ကြီးကျတဲ့အချိန်မှာ လူအထိအခိုက်ရော နေအိမ်အပျက်အစီးရော မရှိသွားဘူးလို့ကြားရတယ်” ဟု ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ကားများ ရာနှင့်ချီ ပိတ်ဆို့မှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ထိုသံတံတားစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီး/ငယ်များဖြင့် ဒေသခံ ပြည်သူ များနေထိုင်‌သော ကျေးရွာများဘက်သို့ အကြောင်းမဲ့ ပစ်ခတ်လေ့ရှိသဖြင့် အရပ်သားပြည်သူများ ထိခိုက် ဒဏ် ရာရခြင်းနှင့် သေဆုံးခြင်းများရှိခဲ့သသည်။

အလားတူ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များကလည်း မြေပြင်မှ လည်းကောင်း၊ ဒရုန်းများဖြင့် သော်လည်းကောင်း အဆိုပါဂိတ်စခန်းသို့ မကြာခဏ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘက်တွင် လည်း အထိနာလျက်ရှိသည်။

မတ်လ (၂၀) ရက်နေ့ကလည်း အဆိုပါဂိတ်စခန်းသို့ ပူးပေါင်းတပ်ဖွဲ့ဝင်များက လက်နက်ကြီးနှင့် ဒရုန်းများ အသုံး ပြု၍ နှစ်ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုနေ့ညပိုင်းတွင် စစ်ကောင်စီ ဂိတ်စခန်းမှ ပစ်ခတ်လိုက်သော လက် နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ကရဝေးဆိပ်ကျေးရွာနေ ဒေသခံ ၂ ဦး သေဆုံးခဲ့သေးသည်။

Photo-crd

Most read this week

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...