ဖားကန့်မြို့နယ် ဆန်ခါနှင့် မော်မောင်းလယာန် ကျေးရွာတစ်လျှောက်ရှိသော ကျောက်စိမ်းတူးဖော်နေသည့် လုပ် ကွက်နေရာများတွင် စစ်ကောင်စီတပ် အင်အားများဖြင့် ဝင်ရောက်စီးနင်းမှုကြောင့် လုပ်ကွက်အတွင်းရှိသော ကျောက်စိမ်းတူဖော်နေသည့် အရပ်သားပြည်သူများ ၅၀ ဦးထက်မနည်းကို ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံ များက ပြောသည်။
မေလ ၂၉ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့် စစ်အင်အား ၄၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့က ကုမ္ပဏီ လုပ်ကွက်များတွင် ဝင်ရောက်လာပြီး ကျောက်စိမ်းလုပ်ကွက် ၃ နေရာခန့်မှ ကုမ္ပဏီလုပ်သားများနှင့် ရေမဆေး သမားများကို အစုလိုက် အပြုံလိုက်ဖမ်းဆီးသွားကြောင်း ဖားကန့်မြို့နေ တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး က KNG ကို ပြောသည်။
“လူကတော့အများကြီးဖမ်းခံလိုက်ရတယ် အဲ့တောက်ပကြယ် ကုမ္ပဏီထဲက ကားမောင်းသမားတွေ၊ ဘတ်ဖိုး မောင်းသမားတွေကော ရေမဆေးတွေကော၊ ပြီးတော့ စျေးသည်တွေနဲ့ ကျောက်လောပန်း(ကျောက်ပွဲစား) တွေ လည်း ပါသွားတယ်။ လူက ၅၀ လောက်ပါသွားတယ်” ဟု ပြောသည်။
ထိုဖမ်းဆီးခံလိုက်ရသည့် ၅၀ ကျော်ထဲတွင် အမျိူးသမီးအချို့လည်းပါဝင်ပြီး ယင်းစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့ ညက ဖမ်းဆီးခံရသည့် ပြည်သူများနှင့်အတူ တောက်ပကြယ်ကုမ္ပဏီတွင် ညအိပ်တပ်စွဲခဲ့ပြီးနောက် မေ လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် ကထန်ကျေးရွာဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြော သည်။
လုံးခင်ကျေးရွာနေအမျိုးသားတစ်ဦးက “ဟုတ်တယ်ဗျ ညက ဆန်ခါတောက်ပကြယ်ကုမ္ပဏီဝင််စီးတာ အများ ကြီးပါ သွားတယ်။ စစ်ကြောင်းက မဇွပ်ယန် ထောင်ဘက်က နေတက်လာတာဗျ အဲ့စစ်ကြောင်းက မှော်တွေထဲ လည့်ပတ်နေတဲ့စစ်ကြောင်းတဲ့ လူတချို့ကို ဖမ်းသွားတယ်။ လူသားဒိုင်လုပ်ဖို့ဖမ်းသွားတာ” ဟု ဆက်ဆိုထား သည်။
အဆိုပါ စစ်ကြောင်းသည် ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်စီးနင်းလာချိန် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်ခဲ့ ကြောင်းသိရပြီး ဒေသခံများ ပြောဆိုချက်အရ လူငယ် အမျိုးသား ၃ ဦးသည်လည်း စစ်ကောင်စီ ပစ်ခတ်လိုက် သည့် လက်နက်ကျည် ထိမှန်မှုကြောင့် သေဆုံးခဲ့ရကြောင်း ပြောဆိုနေသော်လည်း KNG သတင်းဌာနက အတည် ပြု စုံစမ်းနေဆဲဖြစ်သည်။
ထို့အပြင် အရပ်သားပြည်သူ ၅၀ ကျော် ဖမ်းဆီးခံရမှုတွင် ကျောက်ပွဲစားများ၏ ကားအချို့လည်း ဖမ်းဆီးခံရမှု ရှိ ခဲ့ပြီး တစ်စီးကို ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်လည်ရွေးယူခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်ဘက်မှ ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်များကို ပစ်မှတ်ထား ဝင်စီးနေခြင်းနှင့် ပတ် သက်၍ တော်လှန်ရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသည့် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက သုံးသပ် ပြောဆိုထား သည်။
“ကုမ္ပဏီ ကိုဝင်တယ်ဆိုတာ သူတို့အနေနဲ့ ထိန်းချုပ်ချင်တာထင်တယ် သူတို့အနေနဲ့တော်လှန်ရေးမှာလည်း ဒီကုမ္ပဏီတွေကနေ တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနေ တယ်ဆိုတဲ့ဟာမျိုး သူတို့ထင်လို့ ကုမ္ပဏီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင် သူတို့လုပ်နေတာ” ဟု ပြောသည်။
မေလ ၂၇ ရက်နေ့တွင်လည်း မော်မောင်းလယာန်နှင့် မော်ဝမ်းကြီးကျေးရွာ ၂ ခုကြားရှိ ကျောက်စိမ်းသူဌေး ဦးကျောက်နိုင်၏ လုပ်ကွက် စီးနင်းခံရပြီး ရေမဆေးသမား ၂၀ ကျော်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။