ထားဝယ်မြို့ရှိ အငှားအိမ်ခန်းတွဲများကို စစ်တပ်က ရှောင်တခင် ဧည့်စာရင်းများ စစ်ဆေးနေ

ထားဝယ်မြို့ရှိ အငှားအိမ်ခန်းတွဲများကို စစ်တပ်က ရှောင်တခင် ဧည့်စာရင်းများ စစ်ဆေးနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အငှားအိမ်ခန်းတွဲများကို စစ်ကောင်စီတပ်က ရှောင်တခင် ဝင် ရောက် စစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိ နေကြောင်း ထားဝယ်မြို့ခံများက ပြော သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်လက်အောက်ခံ စစ်တပ်၊ ရဲများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ အငှား အိမ်ခန်းတွဲများတွင် ညသန်းခေါင်ယံအချိန်များတွင် ရှောင်တခင် ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေပြီး တင်းတင်း ကြပ်ကြပ်ကို လုပ်ဆောင်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ထားဝယ်မြို့ခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အရင်ကတော့ရပ်ကွက်ထဲမှာတွေပဲ အစစ်များတယ်။ ပြီးတော့ ဒီရက်ပိုင်းသူစိမ်းတွေ မြို့ ထဲမှာ အဲ့လိုအခန်းတွဲ တွေ ငှားပြီးလာနေကြတာ များလာတယ်။ အရင်ကဆို ဒီလိုမျိုး တစ်ခါမှ မစစ်ဘူး။ ဒီရက်ပိုင်းမှာမှ အစစ် အဆေးများပြီး စစ်တပ်က တင်းတင်း ကြပ်ကြပ်ကို လုပ်လာတာ” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါ ဧည့်စာရင်းစစ်ဆေးမှုများကို ညဉ့်နက်လူအိပ်ချိန်များတွင် လုပ်ဆောင်နေပြီး ထိုသို့ စစ်ဆေးရာတွင် လည်း အိမ်ပြင်မှ စစ်ဆေးတာမျိုးမဟုတ်ဘဲ အိမ်အခန်းထဲထိ အတင်း အကြပ်ဝင်ရောက် စစ်ဆေးမှုမျိုးကို လုပ် ဆောင်သောကြောင့် ဒေသခံများ အနေဖြင့် ကြောက်ရွံ့နေကြရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် နောက်ထပ် ဒေသခံ တစ်ဦး က ပြောသည်။

၎င်းက “ရပ်ကွက်တွေထဲမှာဆို အိမ်ပြင်ကနေဘဲ စစ်ဆေးနေတာပဲ။ အခုဟာက အိမ်ခန်း ထဲထိဝင်လာပြီးတော့ ဧည့်စာရင်းတိုင်လားဘာလား။ သူတို့အိမ်လိုပဲ ဝင်ဝင်ပြီး စစ်တာ။ သူတို့က သေနတ်တွေနဲ့ဆိုတော့ ဘာမှ ပြန် မပြောရဲဘူးလေ။ အသိကောင်လေး တစ်ယောက်လည်း ဖမ်းခံထိတယ်။ လူငယ်တွေဖမ်းခံထိတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ လက်ရှိထားဝယ်မြို့ပေါ်တွင် စစ်တပ်က မြို့ဝင်မြို့ထွက်နေရာများတွင် စစ်ဆေးရေးဂိတ်များကို အခိုင် အမာချထားကာ စစ်ဆေးဖမ်းဆီးမှုများကို လုပ်ဆောင် လျက်ရှိနေပြီး ရပ်ကွက်အိမ်လမ်းကြားများတွင်လည်း ကားများဖြင့် လိုက်လံ ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း သတင်းမီဒီယာများ ၏ ဖော်ပြချက်များအရ သိရသည်။

Most read this week

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...