ဒီးမော့ဆို တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဇေယျာမျိုး သေဆုံး

ဒီးမော့ဆို တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဇေယျာမျိုး သေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း KNDF ပူးပေါင်းတပ်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီ တပ်မှ အသက် (၃၅) နှစ်အရွယ် ဗိုလ်မှူး ဇေယျာမျိုး သေဆုံးသွားကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးထံမှ သိရသည်။

ဗိုလ်မှူးဇေယျာမျိုးသည် မေလ ၂၃ ရက်နေ့ က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးသွားခြင်း ဖြစ်သည်။

“ဗိုလ်မှူး ဇေယျာမျိုးသည် ဒီးမော့ဆိုမြို့ တစ်နေရာတွင် မေလ ၂၃ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ကျဆုံးသွား သည်” ဟု မိသားဝင်တစ်ဦးက ရေးသားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထိုသို့ရေးတင်ခဲ့သူ မိသားစုဝင်မှ အဆိုပါ ပိုစ့် ကို ပြန်လည်ဖြုတ် ချသွားသည်ကို တွေ့ရသည်။

ဗိုလ်မှူး ဇေယျာမျိုးသည် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်းတစ်ခုဖြစ်သည့် ခမရ (၄၂၅) မှဖြစ်ပြီး ၎င်း၏ ရက်လည်ဆွမ်းသွပ်ကို မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း မိသားစုတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားခဲ့ ခြင်း ဖြစ်သည်။

ဒီးမော့ဆို အရှေ့ခြမ်းတွင် စစ်ကောင်စီ လက်အောက်ခံ ခမရ (၄၂၅)၊ ခမရ (၅၁၇) ၊ ခလရ (၂၈၇) တပ်ရင်းများနှင့် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့အကြား ပြီးခဲ့ သည့် မေလ ၁၄ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

ထိုသို့ ၁၀ ရက်တာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး၊ ဗိုလ်အဆင့် ရှိသူ နှစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါးသေဆုံးခဲ့ကြောင်း KNDF က မေလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူး ဇေယျာမျိုးသည် အဆိုပါ တိုက်ပွဲတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း နှစ်ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက် ၊ ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ထက်မနည်းပြုလုပ်ခဲ့ပြီး KA မှ ရဲဘော် တစ်ဦးနှင့် KNDF မှ ရဲဘော် ခုနစ် ဦးကျဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင်မူ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေါလျားခူကျေးရွာ အရှေ့ဘက်တောင်ပေါ်မှ ဒေါတငူးသို့ ပြန်လည်ဆုတ်ခွာသွားသော်လည်း ထိတွေ့တိုက်ပွဲများရှိနေသေးကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က မေလ ၂၈ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ကယား(ကရင်နီ) ပြည် နယ်တွင် တိုက်ပွဲပေါင်း ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂,၀၀၀ နီးပါးသေဆုံးကာ KNDF ၊ PDF၊ KA ဘက်မှ ကျဆုံးသူ ၂၅၀ ကျော်ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထား သည်။

ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...