မွန်ဒေလုံးဆိုင်ရာ ရာသီမွန်စာပေ စာမေးပွဲ ဖြေဆိုသူ သုံးထောင်ကျော်ရှိ

မွန်ဒေလုံးဆိုင်ရာ ရာသီမွန်စာပေ စာမေးပွဲ ဖြေဆိုသူ သုံးထောင်ကျော်ရှိ

၂၄ ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေ စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃ ထောင်ကျော်ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူက ပြော သည်။

မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေ စာမေးပွဲကို မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုန်ကြီးကျောင်းတွင် မေလ ၂၁ ရက်နေ့က ကျင်းပခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အကျိုးဆောင် နိုင်မွန်ရာဇာက “ဒီနှစ်မှာ ထူးခြားတာက လာ ရောက်ဖြေဆိုတဲ့သူတွေ များတယ်။ ဖြေဆိုတဲ့နေရာလည်း အခက်ခဲဖြစ်သွားတာပေါ့။ လာရောက် မဖြေဆိုနိုင် တာတွေလည်းရှိတယ်။ ဥပမာ-ပဲခူးတိုင်း၊ ရန်ကုန်တိုင်းကဆို မလာနိုင်ဘူး” ဟု ပြောသည်။

အဆိုပါ စာမေးပွဲကို မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့မှ မြို့နယ်ပေါင်း ၁၇ မြို နယ်က ကျောင်းသူ ကျောင်းသား သုံးထောင်ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

မွန်ဒေလုံးဆိုင်ရာ ရာသီမွန်စာပေ စာမေးပွဲ ဖြေဆိုသည့် ကျောင်းသူ ကျောင်းသား သုံးထောင်ကျော်အနက် အဘိဓမ္မာတန်းတွင် ၁၀၀၈ ဦး၊ ဟံသာဝတီ သမိုင်းအတန်းတွင် ၆၀၂ ဦး၊ မုတ္တမသမိုင်းအတန်းတွင် ၃၂၃ ဦး၊ သုဝဏ္ဏဘူမိ သမိုင်းအတန်းတွင် ၂၁၉ ဦး၊ မွန်စာ ပေ သမိုင်းအတန်းတွင် ၁၄၄ ဦး၊ မွန်ယဉ်ကျေးမှု အတန်းတွင် ၁၆၄ ဦး အောင်မြင်ခဲ့ကြောင်း မွန်ဒေလုံဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ခဘာသာယဉ်ကျေးမှုအသင်းထံမှ သိရသည်။

အောင်မြင်သည့် ကျောင်းသားကျောင်းသူများကိုလည်း အထူးဆုပေးသွားရန် စီစဉ်ထားကြောင်းလည်း ဆိုသည်။

“တစ်တန်းမှာဆိုရင် အထူးဆု ၅ ဆုပေးသွားမယ်၊ အတန်းအာလုံးပေါင်းဆိုရင် ဆုပေါင်း ၃၀ လောက်ရှိမယ်။ နောက်တစ်ချက်က မွန်သမိုင်းအတန်း အားလုံး ပြီးမြောက်သွားတဲ့သူတွေကိုလည်း ဂုဏ်ပြုဆုပေးသွားဖို့လည်း ရှိမယ်။ သမိုင်းတန်း အာလုံးပြီး မြောက်သွားတဲ့ ကျောင်းသား ကျောင်းသူတွေကလည်း ၈၀ ကျော် လောက်ရှိ တယ်” ဟု နိုင်မွန်ရာဇာက ဆိုသည်။

အထူးဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို လာမည့် မေလ ၂၈ ရက်နေ့တွင် ကျိုုက်မရောမြို့နယ် ကျွန်း ရွာကျေးရွာ ကလျာဏမိတ္တကျောင်းတွင် ဆုချီးမြှင့်သည့် အခမ်းအနားပွဲကို ကျင်းပသွားမည်ဖြစ်သည်ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူက ပြောသည်။

နွေရာသီ မွန်စာပေသင်တန်းသည် ရက်တိုသင်တန်းဖြစ်သော်လည်း မွန်စာပေ အဖွဲ့အစည်းတွင် အင်အား အကြီး ဆုံး စာပေအဖွဲ့စည်းတစ်ခု ဖြစ်သည်။

Most read this week

November 14, 2024
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်...
November 14, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာကြားတွင် ဆောက်လုပ်မည့် ကျောက်မီးသွေး...
November 13, 2024
မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးပေါ်ကာလ၌ စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းနေသောကြောင့်...
November 12, 2024
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်နှင့်...