စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆) နယ်မြေ နယ်မြေကျူးကျော်ဝင်ရောက်လာသော စစ်ကောင် စီတပ်နှင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက မေလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မေလ ၁၄ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးနောက် မေလ ၁၅ ရက်နေ့တွင် ကျောက်မိုင်းနယ်မြေဒေသအတွင်းသို့ လက်နက်ကြီး ပစ်ကူများဖြင့် ထပ်မံဝင်ရောက် လာ သည့် စစ်တပ်နှင့် ပစ်ခတ်မှုထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၁ ဦး ထပ်မံသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ သည်ဟု ကော်ဘရာစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူးစောကော်က ပြောသည်။

ဒုစစ်ကြောင်းမှူးစောကော်က “စကစဘက်က ကျနော်တို့လုံခြုံရေးချထားတဲ့နေရာကို အရင်လာတိုက်တယ်။ စစ် ကြောင်း ၄ ကြောင်းနဲ့ တက်လာတယ်။ BGF က ဗိုလ်မုတ်သုန်အဖွဲ့ကလူတွေပါတယ်။ စကစဘက်က ပစ်တဲ့ လက်နက်ကြီးက ဒေသခံရွာတွေဘက်ကို ကျတာရှိတယ်။ ဒါပေမယ့် ရွာသားတွေထိခိုက်မှုတော့မရှိဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့နောက် နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သော်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးဟု ကော်ဘရာစစ်ကြောင်း ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

သို့သော် ၎င်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ သတင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီဘက်မှ ထိကျဆုံးမှုများကိုမူ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

အလားတူ မြဝတီမြို့ လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ မှ (၁၃) ရက် နေ့အထိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA ကော်ဘရာ စစ်ကြောင်း ပူးပေါင်း တပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦး သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ ထိုဒေသရှိ (KNLA) ၏ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေး ရယူထား နိုင်သည့် နေရာများကို စစ်ကောင်စီတပ်ဘက်မှ ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ် ခဲ့သည့်အပြင် ဓာတုလက်နက်ဟု ယူဆရသည့် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကော် ဘရာ စစ်ကြောင်းဘက်က ပြောသည်။

Most read this week

November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...