PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်

PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့သည် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဆိုင်ရာကို ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု  PPST တာဝန်ရှိသူများက ပြောသည်။

အဆိုပါ တွေ့ဆုံမှုကို ချင်းမိုင်တွင် မေလ ၁၇ ရက်နေ့မှ မေလ ၁၈ ရက်နေ့ အထိ ပြုလုပ်ကျင်းပသွားမည် ဖြစ် သည်ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“တွေ့ဆုံဆွေးနွေးမှုက နှစ်ရက် လုပ်မှာပါ။ မေ (၁၇) နဲ့ (၁၈) လုပ်မှာပါ။ အဓိက ဆွေးနွေးမှာကတော့ ပြီးခဲ့တဲ့ မတ်လထဲက ကျနော်တို့ NCA-S-EAO (၇) ဖွဲ့နဲ့ NSPNC နဲ့ အလွတ်သဘောတွေ့ဆုံမှု အကြောင်းကို အဖွဲ့ တွင်း ပြန် လည်ဆွေးနွေးကြမှာပေါ့နော်” ဟု  ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် (NCA-S-EAO) ၇ ဖွဲ့  နှင့် NSPNC တို့ နေပြည်တော်တွင် အလွတ်သဘော တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုသည် NSPNC နှင့် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရန်အတွက်လည်း ထည့်သွင်းဆွေးနွေးမည် ဟု ကြားသိထားရသည်။

ဗိုလ်မှူးကြီး စောကျော်ညွှန့်က “NSPNC နဲ့ တွေ့ဆုံမှုကနေ ရရှိတဲ့ သဘောထား မှတ်ချက်တွေအရတော့ အားလုံး ၈ ချက်ရှိပါတယ်၊ နောက် တကြိမ် NSPNC နဲ့ ထပ်မံတွေ့ဆုံဖို့လည်း ပါတယ်၊ ဒါကြောင့် ဒီနှစ်ရက်တာ ကျင်းပတဲ့ ဆွေးနွေးမှုမှာ ဒီအချက် ကိုလည်း ဆွေးနွေးဖြစ်ကြမှာပါ” ဟု ပြောသည်။

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ မတ် လအတွင်း နေပြည်တော်မှာ ၂ ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သက်ဆိုင်သူများ အားလုံး ပါ ဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ရေးနှင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စ အပါအဝင် အချက် ၇ ချက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုအလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် ကြိုတင်ကန့်သတ်ချက်များ မပါဝင်ဘဲ နှစ်ဘက်အကြားမိမိတို့ ဆွေး နွေးလိုသည့် ခေါင်းစဉ်များကို အဓိက ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု အဆိုပါ တွေ့ဆုံမှုအပြီးတွင် ဗိုလ်မှူး ကြီး စောကျော်ညွှန့်က သတင်းမီဒီယာများကို ပြောဆိုထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်က သက်ဆိုင်သူများအားလုံး ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်လာရေး အစဉ်တစိုက် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကမူ ငြိမ်း ချမ်းရေးညီလာခံ ကျင်းပရန်အတွက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ချင်းမိုင်တွင်တွေ့ဆုံမည့် NCA-S-EAOs (၇) ဖွဲ့မှာ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) တို့ဖြစ်သည်။

အလားတူ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပါဝင်သည်ဟု PPST တာဝန်ရှိ သူများက ပြောသည်။

လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ
November 18, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့်...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
စစ်ကောင်စီ ကွတ်ခိုင်မြို့ကို ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦး
November 18, 2024
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃...
November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...