မဲဆောက်တွင် မီးလောင်သည့် အိမ်မှ လက်နက်ခဲယမ်းတွေ့ရှိ၊ မြန်မာ အမျိုးသား အဖမ်းခံရ

မဲဆောက်တွင် မီးလောင်သည့် အိမ်မှ လက်နက်ခဲယမ်းတွေ့ရှိ၊ မြန်မာ အမျိုးသား အဖမ်းခံရ

ဂန္ဒမာ — ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်၊ မာလွေအိမ်ယာရှိ လုံးချင်းနေအိမ်တစ်အိမ်တွင် မေလ ၁၄ ရက် နေ့လယ် ၂ နာရီခန့်က မီးလောင်၍ ထိုင်းအာဏာပိုင်များက လာရောက်စစ်ဆေးရာ လက်နက်၊ ခဲယမ်းများ တွေ့ရှိခဲ့သည်။

ထိုနေအိမ်တွင် နေထိုင်သောသူများက ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ထိုင်းအာဏာပိုင်များက အနီးရှိ Safe House များကို စစ်ဆေးရာမှ မြန်မာလူငယ်အမျိုးသား တစ်ဦး အဖမ်းခံခဲ့ရ‌သည်ဟု မဲဆောက်မြို့နေ မြန်မာ လူမျိုးများက ပြောသည်။

“မီးလောင်တဲ့ အိမ်ကလူတွေက ဘေးပတ်ဝန်းကျင်နဲ့လည်း သိပ်အဆက်စပ်မရှိဘူး။ သူတို့ဘာသာသူတို့နေတာ။ မြန်မာစကားပြောတာကိုတော့ မြင်ဖူးတွေ့ဖူးကြတယ်။ အိမ်မီးလောင်တယ်ဆိုတော့ ဝါယာလျှော့ပဲ ထင်နေ တာ။ မီးသတ်တို့ ရဲတို့လာမှ မီးဝင်ငြိမ်းတဲ့အခါ လက်နက်ထုတ်လုပ်ရေးကြောင့် မီးလောင်တယ်ဆိုတာ သိရ တယ်” ဟု မဲဆောက်မြို့ရှိ သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။

ထို့ကြောင့် မာလွေအိမ်ယာတွင် မြန်မာလူမျိုးများနေထိုင်သော Safe House များရှိ၍ တရားခံ ထွက်ပြေး ပုန်း ရှောင်နိုင်ကြောင်း ထိုင်းအာဏာပိုင် ရဲများက ယူဆကာ ရှာဖွေမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အနီးရှိ လမ်းမ၊ လမ်းသွယ်များကို ပိတ်ဆို့ခဲ့ပြီး အခင်းဖြစ်ပွားသည့် နေအိမ်အနီးဘေးပတ်ဝန်းကျင်ရှိ အိမ်များကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ စစ်မေးရန်လည်း ခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရင်းမြစ် က ဆက်ပြောသည်။

ထို့အပြင် အနီးရှိ လမ်းသွားလမ်းလာများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသော်လည်း ဖမ်းဆီးခံ ရသူများမှာ မည်သူ၊ မည်ဝါ ဖြစ်ကြောင်းကို မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“ဒီတစ်ခေါက်က အရင်တစ်ခေါက်နဲ့မတူဘူး။ အရင်တစ်ခေါက်က လမ်းလယ်ခေါင်မှာ ထိုင်ခိုင်းထားတာ။ အခု က အခန်းတစ်ခုချင်းစီမှာနေထိုင်တဲ့သူတွေက ကိုယ့်အခန်းရှေ့ထွက်ထိုင်နေရတယ်။ ရဲတွေက အခန်းထဲထိဝင် တယ်။ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့အဝတ်အစားတွေတောင်မရဘူး အကုန်မွှေစစ်တယ်။ ဆန်းရှိတ်ပေါ်၊ အမိုး ပေါ်တွေ ပါတက်စစ်တယ်။ အဲ့ကနေမှ Safe House ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်က မြန်မာလူငယ် တစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

Safe House သို့ ထိုင်းအာဏာပိုင်များ ဝင်ရောက်ရှာဖွေချိန်တွင် အဖမ်းခံရသည့် အမျိုးသားမှာ အိပ်ပျော်လျက် ရှိပြီး ၎င်းထံမှ စကုပ်၊ ကျည်ဆန်၊ ခဲယမ်းနှင့် ယူနီဖောင်းများရှာဖွေတွေ့ရှိခဲ့သည်ကို ကြားသိရကြောင်း ပြောသည်။

လက်နက်ကိစ္စနှင့် မပတ်သက်သူများကိုမူ အကုန်ပြန်လွှတ်ပေးခဲ့ပြီး မီးလောင်သည့် နေအိမ်တွင် နေထိုင်ခဲ့သူများ ကို ထိုင်းအာဏာပိုင်များက ဆက်လက်ရှာဖွေနေသည်ဟု မဲဆောက်ရှိ သတင်းအရင်းများက ဆိုသည်။

မီးလောင်သည့် နေအိမ်အတွင်းမှလည်း ဓာတ်ပုံများ ရှာဖွေတွေ့ရှိခဲ့သဖြင့် ထိုင်းအာဏာပိုင်၊ ရဲများအနေဖြင့် မရမက ဖမ်းဆီးမည့် အရိပ်အယောင်ကို မြင်ရပြီး ၎င်းတို့နှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း တောင်းယူရှာဖွေနေကြောင်း ဆိုသည်။

အဆိုပါ ကိစ္စဖြစ်ပွားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင်သည့် နည်းလမ်းဖြင့် အခြားသော မြန်မာများ နေထိုင်သည့် နေရာများကိုပါ ရှာဖွေမည့် အနေအထားရှိကာ ထိုင်းအာဏာပိုင်၊ ရဲများအနေဖြင့် ယနေ့ဖြစ်ရပ်အတွက် ဒေါသဖြစ်ရကြောင်း ရှာဖွေစစ်ဆေးစဉ်က ပြောဆိုပြုမူပုံများကို ကြည့်ခြင်းဖြင့် သိရသည် ဟု သတင်းရင်းမြစ်က ဆိုသည်။

ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...