စစ်တပ်သတင်းပေးနှင့် ဒုတပ်ရင်းမှူးအဖွဲ့ကို KIA ဖမ်းဆီးလိုက်ပြီးနောက်တပြိုင်နက် စစ်ကောင်စီတပ်မှ ဆဒုံးမြို့အတွင်း မာရှယ်လော ထုတ်ပြန်

စစ်တပ်သတင်းပေးနှင့် ဒုတပ်ရင်းမှူးအဖွဲ့ကို KIA ဖမ်းဆီးလိုက်ပြီးနောက်တပြိုင်နက် စစ်ကောင်စီတပ်မှ ဆဒုံးမြို့အတွင်း မာရှယ်လော ထုတ်ပြန်

ကချင်ပြည်နယ် ဆဒုံးမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ စစ်တပ်သတင်းပေးတစ်ဦးကို KIA တပ်ရင်း ၃ မှ ဖမ်းဆီးလိုက်ပြီးနောက် ည ၉ နာရီနောက်ပိုင်းအပြင်မထွက်ရ မာရှယ်လောထုတ်ပြန်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။

ဆဒုံးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးလုပ်ကိုင်‌နေသည့်သူအား ဖမ်းဆီးရမိပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက် နံနက်အစောပိုင်းတွင် ရွှေမော်လုပ်ကွက်ကြည့်ရန် အိမ်စီးကားဖြင့်ထွက်လာသည့် ခလရ ၃၈၉ ဒုတပ်ရင်းမှူးနှင့်အတူ အဖွဲ့သားများကိုလည်း ဆဒုံးရေတံခွန်နဲ့ ဘွမ်တောင်ရွာကြား လမ်းတစ်နေရာတွင် KIA မှ ထပ်မံဖမ်းဆီးလိုက်ကြောင်း KIA တပ်ရင်း ၃ အရာရှိတစ်ဦးက ယခုလို ပြောသည်။

“ဖြစ်စဉ်က ၁၂ ရက်နေ့ သူတို့သတင်းပေး ထောက်ပို့တစ်ဦးပေါ့ ပြည်သူပဲ၊ သူ့ကို ကျနော်တို့ဘက်က စုံစမ်း ဖမ်းဆီးထား လိုက်တာကနေ စလာတာ။ ဆိုတော့ အဲ့ညမှာပဲ သူတို့က စစ်အင်အားတွေနဲ့ လှုပ်ရှားပြီး မြို့တွင်းလုံခြုံရေးတွေယူပြီး ပြည်သူတွေကို ၉ နာရီ နောက်ပိုင်းမထွက်ရဆိုပြီး မာရှယ်လော ထုတ်လိုက်တယ်။ တပြိုင်နက် မနေ့က မနက်က ဒုတပ်ရင်းမှူးနဲ့ သူ့အဖွဲ့ကို ရေတံခွန်အထက်မှာ ပြန်တားဆီး ဖမ်းထားလိုက်တယ်။ အခု မနေ့ညအထိ မြို့တွင်းသူတို့ လုံခြုံရေးတွေ တော်တော် တင်းကြပ်ထားတယ်။” ဟု အမည်မဖော်လိုသူ KIA တပ်ရင်း ၃ အရာရှိတစ်ဦး KNG ကို ပြောသည်။

စစ်တပ် ဒုတပ်ရင်းမှူးအဖွဲ့ ဖမ်းဆီးခံရပြီးနောက် ထိုနေရာတဝိုက်သို့ ယမန်နေ့ နေ့လည်ပိုင်း၌ပင် စစ်ကောင်စီစစ်ကြောင်း ဆက်လက်ချီတက်လှုပ်ရှားလာရာ KIA မှကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။

ယခုချိန် စစ်ကောင်စီမှ ဆဒုံးဗျူဟာကုန်းပတ်ဝန်းကျင်နဲ့ မြို့တွင်း နေ့၊ ည မပြတ်ဆက်တိုက် လုံခြုံရေးများ တင်းကြပ်ထားကြောင်း ၉ နာရီနောက်ပိုင်းထွက်သည့်သူအား ပစ်သတ်ရန် ဆဒုံးမြို့နယ်ဗျူဟာမှူး တင်အောင်ကျော်မှ ပြောဆိုထားကြောင်း သိရသည်။

KIA မှ ဖမ်းဆီးထားသည့် စစ်တပ်ဒုတပ်ရင်းမှူးနာမည်နှင့် ဖမ်းဆီးခံအဖွဲ့သားအရေအတွက်အား စုံစမ်းနေဆဲဖြစ်သည်။

ဆဒုံး-ကန်ပိုင်တီလမ်း အင်ဝမ်းကောင်နှင့် ဘွမ်တောင်ရွာတလျှောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် KIA တပ်မဟာ ၅ တပ်ရင်း ၃တပ်ဖွဲ့ တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA မှ ဆဒုံးရေတံခွန်အနီးပတ်ဝန်ကျင်တွင် နေရာယူထားနိုင်ကြောင်း သိရသည်။

Most read this week

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...