Published
Saturday, February 11, 2023
ဂျာယန်ပြည်သူ့စစ်စခန်းကိုဝင်စီးချိန် ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုမှုမရှိဟု TNLA ပြော
- မြစ်ကြီးနားမြို့တွင်း စစ်ကောင်စီတပ်ကို ပစ်ခတ်တိုင်း၊ မိုင်းခွဲတိုက်ခိုက်တိုင်း ဖမ်းဆီးခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် လှုပ်ရှားဖို့ ပိုမိုခက်ခဲလာတယ်လို့ PDF တွေက ပြောပါတယ်။
- အင်းတော်မြို့နယ်မှာ ၂၀၂၃ နှစ်ဆန်းကစပြီး ဒီနေ့အထိ စစ်ကောင်စီတပ်က PDF လို့စွပ်စွဲပြီး ဖမ်းဆီးသွားတဲ့ပြည်သူ ၆ ဦးအထိရှိလာပြီဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုကနေ သိရပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ ဂျာယန်ပြည်သူ့စစ်(KDA)တပ်စခန်းကို ဝင်စီးတဲ့အချိန်မှာ တအာင်းတပ်(TNLA)က ဒေသခံရွာသားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတယ်လို့ ဒေသခံပြည်သူတွေကပြောဆိုပေမဲ့ TNLA ဘက်ကတော့ ငြင်းဆိုထားပါတယ်။