ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းအား ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဖလမ်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှု CNO/CNDF ကန့်ကွက်ရှုတ်ချ

ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းအား ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဖလမ်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှု CNO/CNDF ကန့်ကွက်ရှုတ်ချ

ချင်းပြည်နယ် ဖလမ်းမြို့တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ ညကဖြစ်ပွားသော ပစ်ခတ်မှုနှင့်ပတ်သက်၍ ဒေသတွင်း သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအား ညှိနှိုင်းတိုင်ပင်အသိပေးခြင်းမရှိပဲ စစ်ရေးဖော်ဆောင်မှုအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချ သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) က ပြောဆိုလိုက်သည်။

ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်တွင် ဇန်နဝါရီလ ၁၈ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်ကကျောင်းလုံခြုံရေး ယူနေ သော ရဲတပ်သားများကို ချင်းအမျိုးသားတပ်မတော် CNAရဲဘော်များက ပစ်ခတ်ခဲ့ရာတွင် ရဲတပ်သားတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသည်။

ယင်းပစ်ခတ်မှုသည် CNO/CNDF နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ အသိပေးခြင်းမရှိပဲ စစ်မျက်နှာဖွင့်ခြင်းသည် ချင်းကာကွယ်ရေးတပ်ပေါင်းစုကော်မတီ (CJDC) မှ ချမှတ်ထားသည့် စစ်စည်းမျည်းစည်းကမ်းအား ချိူးဖောက်မှုဖြစ်သည်ဟု ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သော CNO/CNDF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ဖလမ်းမြို့နယ်အတွင်း CNO/CNDF ၏ ခွင့်ပြုချက် သို့မဟုတ် ညှိနှိုင်းတိုင်ပင်အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်ပစ်ခတ်ခြင်းအား အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း နောက်နောင် ထိုသို့ပြုလုပ်ပါက လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngai က "အဓိကတော့ အပြန်အလှန်လေးစားဖို့ပေါ့ သူတို့ ဒီဟာ ပစ်တာကို အပြစ်မဆိုလိုဘူး။ ဒါပေမဲ့ ပစ်ရင် ကျွန်တော်တို့နဲ့ ဒေသခံ CNO/CNDF ကို အကြောင်းကြားပြီးတော့၊ ညှိနှိုင်းဆွေးနွေးပြီးတော့လုပ်ရင်တော့ ကျွန်တော်တို့ ဘက်ကလည်းမပစ်ပါနဲ့လို့ပြောမှာတော့ မဟုတ်ပါဘူး။ CNO/CNDF မှာလည်း အစီစဉ်ရှိပြီးသားပဲ။ ကျွန်တော်တို့ နှစ်ဦးနှစ်ဘက်ညှိနှိုင်းပြီးလုပ်လိုက်ရင် ဒီထက်ပိုကောင်းတဲ့ plan တစ်ခု၊ အစီစဉ်တစ်ခုထွက်လာလိမ့်မယ်လို့ထင်တယ်။ ဒီထက်တောင်ပိုအောင်မြင်လိမ့်မယ်လို့လည်း ထင်ပါတယ်"ဟု ပြောသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်အပါဝင် အပြစ်မဲ့ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးခဲ့ပြီး၎င်းတို့အား အမြန်ဆုံး ပြန်လွှတ်ပေးခြင်းမရှိပါက ပြင်းထန်စွာ ပြန်လည်တုန့်ပြန်သွားမည်ဟု CNO/CNDF က သတိပေးထားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF သည် ဖလမ်းမြို့နယ်တွင် အဓိကစစ်ရေးလှုပ်ရှားနေသည့် နယ်မြေခံ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...