ကလေးမြို့ KTV မှာ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီဝန်ထမ်းတွေကို အကြမ်းဖက်မှုနဲ့ အမှုဖွင့်ထား

ကလေးမြို့ KTV မှာ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီဝန်ထမ်းတွေကို အကြမ်းဖက်မှုနဲ့ အမှုဖွင့်ထား

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက်က BMA-KTV မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်း(၂) ဦးကို အကြမ်းဖက်တိုက်ဖက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ ပြည်သူ့ရဲတပ်ဖွဲ့က အမှုဖွင့်ထားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၀) ရက်နေ့ နေ့လည်ပိုင်းက BMB -KTV နဲ့ မာဆပ် ကို စစ်ကောင်စီ ဒေါက်တိုင်တွေ ရောက်ရှိနေတယ်လို့ ပြည်သူတွေက သတင်းပေးတာကြောင့် Kalay PDF တပ်ဖွဲ့ဝင်တွေက သွားရောက်စီးနင်းတိုက်ခိုက်ခဲ့ချိန်မှာ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဦးထွန်းထွန်းနိုင်၊အငယ်တန်းစာရေး ငြိမ်းခန်းဇော်နဲ့ ကလေးတပ်နယ်က တပ်ကြပ် အဆင့် မင်းဇော်ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားတာပါ။

ဖမ်းဆီးရမိသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းချုပ်နယ်မြေထဲ ခေါ်ယူချိန်မှာ စစ်ကောင်စီတပ်သား တပ်ကြပ်မင်းဇော်ဦးက PDF တွေကို ခုခံပြီး ထွက်ပြေးတဲ့အတွက် အသေ ပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဖမ်းခံလိုက်ရတဲ့ ဘဏ်မန်နေဂျာက ပိုက်ဆံ(၁၀) သိန်းထုတ်မယ်ဆိုရင်သူ့ကို (၂) သိန်းလောက် ပေးရတယ်။ မြို့မှာ နာမည်ပျက်ရှိနေတဲ့သူတစ်ဦးဖြစ်တယ်” လို့ ကလေးဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် အဲဒီ အခင်းဖြစ်သွားခဲ့တဲ့ ဆိုင်ကို စစ်ကောင်စီဘက်က ပိတ်ခိုင်းထားသလို ကလေးမြို့ ပေါ်က တခြား KTV တွေကိုလည်း ပိတ်ခိုင်းထားတယ်လို့ သူက ပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီဝန်ထမ်း(၂) ဦးကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်သူ့ရဲချုပ်ရုံးရဲ့ ညွှန်ကြားချက်အရ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲတင်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဦးထွန်းထွန်းနိုင်၊အငယ်တန်း စာရေး ငြိမ်းခန်းဇော် တို့ကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အညီကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

January 6, 2025
အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့...
January 3, 2025
တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေ လျော့ကျလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး...
January 2, 2025
မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက စီမံချက်နဲ့ ဖမ်းဆီးပြီးနောက်...
December 23, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း...