အင်းစိန်ထောင်ဝန်ထမ်း(၃၀) နီးပါးထွက်ပြေး

အင်းစိန်ထောင်ဝန်ထမ်း(၃၀) နီးပါးထွက်ပြေး

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း (၃၀) နီးပါးဟာ နိုဝင်ဘာလ တတိယပတ်ထဲမှာ ထွက်ပြေးသွားကြတယ်လို့ အကျဉ်းထောင် ဝန်ထမ်း တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သူတို့တွေဟာ ထွက်စာတင်ထားတဲ့သူတွေရှိသလို တချို့ကတော့ ကျောင်းတက်မယ်ဆိုပြီး အပြင် ထွက်သွားချိန်မှာ ပြန်မလာကြတော့တာဖြစ်တယ်လို့ သိရပါတယ်။

“ဝန်ထမ်းမိသားစုနဲ့ ရှေ့နေဝင်ထွက်အပေါက်ဘက်မှာ ထွက်ပြေးသွားသူတွေရဲ့ စာရင်းကပ်ထားတာ တွေ့တယ်။ အဲ့ဒီနားမှာ စစ်တပ်ကလူတွေစောင့်နေတာ သူတို့ထိုင်တဲ့နားဆိုတော့ ပုံတော့ ရိုက်မရဘူး” လို့ အင်းစိန်ထောင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အင်းစိန်ထောင်ကနေ တာဝန် မထမ်းဆောင်လိုတော့တဲ့အတွက် ထွက်ပြေးသွားတဲ့ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးဝန်ထမ်းတွေလဲပါဝင်တယ်လို့ သူက ပြောပါသေးတယ်။

ဝန်ထမ်းထွက်ပြေးတဲ့ စာရင်းတွေကို နိုဝင်ဘာလ(၁၉) ရက်နေ့မှာ စတင်ကပ်ထားတာ ဖြစ်ပြီး ထွက်ပြေးသွားတဲ့သူတွေ ဝန်ထမ်းအိမ်ယာကိုပြန်လာရင် အကြောင်းကြားဖို့လည်း ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီက အသိပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်း ဆောင်လိုတဲ့ ဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်လာတာ သိန်းနဲ့ချီရှိနေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အချက်အလက်တွေအရသိရပါ တယ်။

January 6, 2025
အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့...
January 3, 2025
တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေ လျော့ကျလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး...
January 2, 2025
မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက စီမံချက်နဲ့ ဖမ်းဆီးပြီးနောက်...
December 23, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း...