ဒကစအနောက်ဖက် လွိုင်ကော်နာရီစင်နားက ဆိုင်ခန်းတချို့ကို လုံခြုံရေးအရဖယ်ရှားခိုင်း

ဒကစအနောက်ဖက် လွိုင်ကော်နာရီစင်နားက ဆိုင်ခန်းတချို့ကို လုံခြုံရေးအရဖယ်ရှားခိုင်း

ဒကစ ( ဒေသကွက်ကဲမှုစစ်ဌာနချုပ် ) အနောက်ဖက် လွိုင်ကော်နာရီစင်နားမှာရှိတဲ့ ထွေအုပ်သက်သာဆိုင်ခန်းတွေကို ရောင်းချခွင့်မပေးတော့ပဲ လုံခြုံရေးအရဆိုပြီး စစ်ကောင်စီကနေ ဖယ်ရှားခိုင်းတယ်လို့ သိရပါတယ်။

“သူတို့က ဝါကျွတ်ရင်ဖယ်ရမယ်ဆိုတာနဲ့ ကျမတို့က ဒီသီတင်းကျွတ် ၁၀လပိုင်းဆိုတာနဲ့ သူတို့က အပြီးပြောင်းရွေ့ရမယ်ဆိုပြီးတော့ သူတို့က ၈လ၊ ၉လ လောက်ကတည်းက သူတို့စာထုတ်က ကျမတို့လည်း တကယ်ဖြစ်မလား။ မဖြစ်ဘူးလားဆိုပြီးတော့ နေလိုက်တယ်။ အခုကျတော့ သူတို့က အုတ်တံတိုင်းနဲ့ခတ်ပြီ သူတို့က ၆ပေအမြင့်နဲ့ခတ်မယ်ဆိုတော့ ကျမတို့က ဘယ်လိုမှ နေလို့မရတော့တဲ့အခါကျတော့ ဆိုင်ခန်းတွေအကုန်လုံးပြောင်းရတာပေါ့။ ရွေ့ပေးရတာပေါ့။” လို့ သူက ပြောပါတယ်။

နှစ်ပေါင်း ၂၆နှစ်နီးပါး ရောင်းချနေခဲ့တဲ့ ထွေအုပ်သက်သာဆိုင်မှာ တစ်ဦးကို ဆိုင်ခန်းနှစ်ခန်းနဲ့ ဆိုင်ရှင် ၆ဦးရှိတယ်လို့ဆိုပါတယ်။ မြန်မာတနိုင်ငံလုံးက ထွေအုပ်သက်သာဆိုင်တွေအပြင် ရဲ၊မီးသတ်စတဲ့ ဆိုင်တွေကိုပါ ဖယ်ခိုင်းတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖယ်ရှားမည့် အကြောင်းကြားစာရောက်လာခဲ့ပေမဲ့ ဆက်လက်တည်ရှိနေခဲ့ပြီး ဒုတိယအကြိမ်အကြောင်းကြားပြီး ဆောက်လုပ်ရေးတွေ စတင်ချိန်မှာ နေထိုင်လို့မရတော့တဲ့အတွက် ပြောင်းရွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဆိုင်ခန်းတွေမှာ ရောင်းချခဲ့သူတချို့ဆိုင်ကတော့ တခြားနေရာကိုပြောင်းရွေ့ဖွင့်လှစ်နေတာလည်း ရှိပါတယ်။

January 11, 2025
ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့နယ်၊ စစ်ကောင်စီ၏ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀) တပ်က...
January 6, 2025
၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့...
January 2, 2025
၂၀၂၅ နှစ်သစ်ကူးညမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းနဲ့...
December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...