Published
Saturday, October 15, 2022
စစ်ကောင်စီရဲ့ပညာသင်ကျောင်းမှာ တက်ရောက်နေတဲ့ကလေးတွေ ဗဟုသုတတိုးပွားလာမှုမရှိဟု ကျောင်းသားမိဘဆို
- ပူတာအိုမြို့နယ် လုံရှာယန်ဒေသက စစ်ကောင်စီဖွင့်လှစ်ထားတဲ့ပညာသင်ကျောင်းမှာ ကလေးတွေကျောင်းတက်နေပေမဲ့ အသိပညာ ဗဟုသုတတိုးပွားလာမှုမရှိဘူးလို့ ကျောင်းသားမိဘတွေက ပြောဆိုကြပါတယ်။
- တနိုင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက်မှာ အဖျားကြီးပြီး ယားနာရောဂါပါဖြစ်ပွားနေတဲ့ ကလေးငယ်တွေကိုကုသဖို့အတွက် ဆေးဝါးတွေလိုအပ်နေပါတယ်။
- စစ်ဘေးရှောင်တွေကို အမြန်ပြောင်းရွှေ့နိုင်ဖို့စီစဉ်နေတဲ့စစ်ကောင်စီက မြစ်ကြီးနားမြို့နယ် ငွေပျော်စံပြကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော်ကိုဆောက်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။