တီးတိန်မြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးထိမှန်ပြီး ယောကျာ်းဖြစ်သူသေဆုံး

တီးတိန်မြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးထိမှန်ပြီး ယောကျာ်းဖြစ်သူသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့ စကောလမ်းရပ်ကွက်တွင် အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီကျော်ကျော်ခန့်က မိုင်းပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးထိမှန်ပြီး ယောကျာ်းဖြစ်သူ ပွဲချင်း သေဆုံးကာ ဇနီးဖြစ်သူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ညမှာ သူတို့အိမ်ရှေ့မှာ ကွဲတယ်။ သူကတော့ ဆုံးသွားတယ် သူ့အမျိုးသမီးတော့ တော်တော်လေးပြင်းထန်တယ်၊ အခြေအနေက စိုးရိမ်စရာဖြစ်တယ်လို့ပြောတယ်၊ ၂၆၉ တပ်ရင်းအောက် တပ်ရင်းနဲ့ နီးနီးလေးပဲ အဲ့ကနေလမ်းလျှောက်ရင် မကြာဘူး။

အခုဖြစ်တဲ့နေရာက လမ်းမကြီးရဲ့ဘေး တပ်ရင်းက အပေါ်နားလေး။ သူ့ကတော့ ဗမာလူမျိုးပါ ဒီမှာနေတာကြာပြီ ကျွန်တော်ငယ်ငယ်လေးကတည်းကပဲ သူ့ကိုလည်း ကျွန်တော်တွေ့ဖူးပါတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှာ တီးတိန်မြို့၊ စကောလမ်းရပ်ကွက် စစ်ကောင်စီတပ်ရင်း ၂၆၉ တပ်ရင်းအောက် ဒေါ်စန်းချို ထမင်းဆိုင်ရှေ့တွင်ဖြစ်သည်။

ယခုမိုင်းပေါက်ကွဲမှုသည် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားသည့်မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

သေဆုံးသူအမျိုးသားမှာ အသက် (၅၀) ဝန်းကျင်ရှိသည်ဟု သိရပြီး ဒဏ်ရာရှိသူအမျိုးသမီးမှာ ကလေးမြို့ ကုတင် (၁၀၀) ဆံ့ စစ်ဆေးရုံသို့ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

ပြီးခဲ့သည့်ရက် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ဟားခါးမြို့ပေါ်ရှိ၊ ဟားခါးထာရ်ရပ်ကွက်တွင်နေထိုင်သော အသက် ၃၀ အရွယ် ဦးဗျက်ကျုံးသည် တောထဲတွင် ဟင်းရှာသွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက် ဖြတ်ခံခဲ့ရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့၏ ဖော်ပြချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြသည်ဟု သိရသည်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...