ဗန်းမောက်တောင်ပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ SNA က ပါဝင်သည်ဆိုသည့် သတင်းမှာ ဝါဒဖြန့်မှုသက်သက်ဖြစ်ဟုဆို

ဗန်းမောက်တောင်ပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ SNA က ပါဝင်သည်ဆိုသည့် သတင်းမှာ ဝါဒဖြန့်မှုသက်သက်ဖြစ်ဟုဆို

ဗန်းမောက်မြို့နယ် တောင်ပိုင်းကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ PDF တို့ အကြားတိုက်ပွဲများ ဖြစ်ပွားလျှက်ရှိရာ စစ်ကောင်စီတပ်ဘက်မှ ရှမ်းနီအမျိုးသားများတပ်မတော် SNA က ပါဝင်တိုက်လိုက်ပေးနေသည်ဟု PDF အဖွဲ့၏ ရေးသားထုတ်လွှင့်နေမှုများမှာ အခြေအမြစ်မရှိသော ဝါဒဖြန့်မှု သက်သက်သာဖြစ်ကြောင်း SNA က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

” အခြေအမြစ်မရှိတဲ့ သတင်းပါ။ ကျွန်တော်တို့ပါတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျောက်အိုင်ရွာမှာ ဗမာတပ်ကနေထားတာကို သူတို့ကပိုင်ပြီဆိုပြီးသွားပစ်လို့ ဟိုဘက်ကပြန်ပစ်ပြီး အထိနာလို့လျှောက်ပြောတာပါ။ ကျွန်တော်တို့နဲ့ လုံးဝမဆိုင်ပါဘူး။ ကျွန်တော်တို့ကတော့ စောင့်ကြည့်နေတဲ့ အနေအထားပဲဖြစ်တယ်။”ဟု SNA က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်ကောင်စီဘက်မှ SNA ပါဝင်တိုက်ခိုက်ပေးနေကြောင်း Banmauk Revolution -BR က သတင်းထုတ်ပြန်ထားပြီး PDF သတင်းများကို စဥ်တစိုက်ဖော်ပြသော အခြားဆိုရှယ်မီဒီယာများတွင်လည်း ရေးသားနေကြသည်။

အလားတူ ပင်လည်ဘူးမြို့နယ် နှင့် ဖောင်းပြင်မြို့နယ်များတွင်လည်း SNA ဘက်မှ စစ်ကောင်စီတပ်အား ကူတိုက်ပေးနေကြောင်း ဆိုရှယ် မီဒီယာများတွင် မကြာခဏရေးသားလျှက်ရှိသည်။

SNA အနေဖြင့် မည်သည့်ဘက်မှ ကူတိုက်ပေးခြင်းမရှိသော်လည်း ဗန်းမောက်မြို့ကိုမှု ကာကွယ်ပေးထားကြောင်း သိရသည်။

” ကျွန်တော်တို့ကတော့ မြို့ကိုတော့ အကာအကွယ်ပေးထားတယ် ။ မြို့ထဲဝင်လာရင်တော့ ဘယ်အဖွဲ့ဖြစ်ဖြစ် ကျွန်တော်တို့က ပစ်မှာပဲ ။” ဟု ဗန်းမောက်ဒေသ SNA တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

PDF အဖွဲ့အနေဖြင့် ယခုနောက်ပိုင်းတွင် ရှမ်းနီလူမျိုးများကို ပစ်မှတ်အဖြစ်သဘောထားလာသည်ကို တွေ့နေရသည်မှာ စိတ်မချမ်းမသာဖြစ်ရကြောင်း ဗန်းမောက်မြို့နယ် ရှမ်းနီစာပေယဥ်ကျေးမှု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဗန်းမောက်တောင်ပိုင်းရှိ ကျောက်အိုင်ကျေးရွာ နှင့် စီးမော်ရွာ အစရှိသော ဒေသများတွင် စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျှက်ရှိပြီး ဒေသခံအချို့ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည်ကို ရှမ်းနီစာပေယဥ်ကျေးမှု အဖွဲ့က ကူညီစောင့်ရှောက်ပေးနေရကြောင်းလည်း သိရသည်။

Most read this week

November 23, 2024
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေတဆင့် အိန္ဒိယနိုင်ငံအထိ ...
November 22, 2024
ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို  မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ...
November 20, 2024
တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာမြင့်လာချိန် ပင်လည်ဘူးမြို့နယ်က ကလေးငယ်တွေဟာ ကျောင်းပညာရေးကို...
November 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလက်နက်ကိုင်တပ်ဖွဲ့  PSLF/TNLA...