Published
Monday, June 20, 2022
ဇွပ်အောင်စစ်ရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်၊ ၃ ဦးသေ ၁ ဦးဒဏ်ရာပြင်းထန်
- ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ရှိ ဇွပ်အောင်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပါတယ်။
- ပူတာအိုကို ရိက္ခာသွားပို့တဲ့စစ်ကောင်စီတပ် အတက်အဆင်းခရီးလမ်းတစ်လျှောက် တိုက်ခိုက်ခံရရာမှာ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။
- မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ်ရှိ နမ်ဆန်ယန်ကျေးရွာတစ်ရွာလုံးကို ရွှေတူးဖော်လိုက်တာကြောင့် အခုချိန် ကျေးရွာအတွင်း သွားလာရေးခက်ခဲနေသလို ရေကြီးမှုအန္တရာယ်ကြုံလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။