မြိတ်-ထားဝယ်လမ်း၌ တိုက်ပွဲ ဖြစ်နေ၍ ကုန်တင်ကားနှင့် ခရီးသည်တင်ကားများစွာ ပိတ်မိနေ

မြိတ်-ထားဝယ်လမ်း၌ တိုက်ပွဲ ဖြစ်နေ၍ ကုန်တင်ကားနှင့် ခရီးသည်တင်ကားများစွာ ပိတ်မိနေ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ ပန်းပြင်ရွာနှင့် သရက်နှစ်ခွရွာ အကြား၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ တိုက်ပွဲ ဖြစ်နေပြီး ကုန်ကားများနှင့် ခရီးသည်ကားများနှင့် အတူ ပြည်သူများ ရာနှင့်ချီ ပိတ်မိနေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ဒီမနက် အာရုံ တက်ကတည်းက တိုက်ပွဲ စဖြစ် နေတာပါ။  စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ ပစ်တာတွေ ကြားနေရတယ်”ဟု သရက်ချောင်း ဒေသခံ တစ်ဦးက ယနေ့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ကျဆုံးကြောင်းလည်း ဒေသခံ အခြေစိုက် PDF အဖွဲ့ထံက သိရသည်။

ထိုအပြင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူတိုက်နယ် သာရဘွက် အထက်ရှိ သိန္ဒောဘက်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်လျက်ရှိသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများ ရှိနေကြောင်း PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ ထိခိုက် သေဆုံးမှုများကိုမူ မဇ္စျိမက သီးခြား အတည်နိုင်ခြင်း မရှိသေးပေ။

“ဒီနေ့ မနက်က မြိတ်ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ယာဉ်တန်း ခုနစ်စီး တက်သွားတာ တွေ့ရတယ်။ အင်အား အပြည့်ပါပဲ ”လို့ မြိတ်မြို့နယ် တုံးဗျော ဒေသခံ တစ်ဦးက ပြော သည်။

စစ်ကောင်စီ၏ စစ်ဆင်ရေး နှင့် ပတ်သက်ပြီး ပေါက်ကြားလာသည့် လျှို့ဝှက်စာတွင် တနင်္သာရီတိုင်း အတွင်းရှိ စစ်ကောင်စီ တပ်ရင်း ခလရ (၁၇) အပါဝင် စစ်ကြောင်း လေးခုဖြင့် မြိတ်၊ ပု‌လော၊ ပလောက်၊ တနင်္သာရီ၊ သရက်ချောင်းတို့၌ နယ်မြေ ရှင်းလင်းရေး လုပ်ရန် လျှို့ဝှက် ညွှန်ကြားထားချက် ပါရှိသည်။

ထိုညွှန်ကြားချက်တွင် ခလရ (၁၇) မှ စစ်ကြောင်း (၁) သည် မြိတ်မှ စတင်ထွက်ခွာ၍ သမုတ်-ပုလော-ပလောက် အထိ နယ်မြေ စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးရန်၊ စစ်ကြောင်း (၂) သည် PDF များ နေထိုင်သည်ဟု ယူဆရသည့် ကျွဲကူး- တကူး- သမ်းလှ-တနင်္သာရီ-သဘော့လိပ် အထိ နယ်မြေ ရှင်းလင်း၍ PDF နှင့် ဆက်နွှယ်သော ရွာသူ၊သားများကို ခေါ်ယူ စစ်ဆေးရန်၊ လိုအပ်ပါက ရှင်းလင်း၍ နယ်မြေ စိုးမိုးရန် အကြမ်းဖက် စစ်ကောင်စီက ညွှန်ကြား ထားသည်ကို တွေ့ရသည်။

အလားတူ စစ်ကြောင်း (၃) သည် သရက်ချောင်း-ပြင်ပုံကြီး-စုံစင်ဖျား-တောင်ပြောက် အထိ နယ်မြေ ရှင်းလင်းရန် ဆိုထားသည်။ အဆိုပါ ညွှန်ကြားချက်သည် စစ်ကောင်စီတပ်က ထွက်လာသည့် ညွှန်ကြားချက် အစစ် ဟုတ်၊ မဟုတ်ကို မဇ္စျိမက သီးခြား အတည်ပြုနိုင်ရန် ထပ်မံ စုံစမ်းနေဆဲ ဖြစ်သည်။

တနင်္သာရီတိုင်း အတွင်း  အကြမ်းဖက် စစ်ကောင်စီက PDF စခန်းများ အခြေစိုက်ရာ ဒေသများကို စစ်ကြောင်း လေးခုဖြင့် နယ်မြေ ရှင်းလင်းရန် လျှို့ဝှက် ညွှန်ကြားစာ ထွက်ပြီးနောက် ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ် တချို့တွင် တိုက်ပွဲများ စတင် ဖြစ်ပွား နေကြောင်း ဒေသခံများထံမှ သိရ သည်။

Most read this week

နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ  ဓါတ်ပုံ-AA Info Desk
November 12, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်...
အိန္ဒိယတွင် အကျဉ်းကျနေသည့်  မြန်မာနိုင်ငံသားများကို ၂၀၂၄ ခုနစ် ဇွန်လတွင်းက စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်စဥ် ဓါတ်ပုံ - မဏိပူရပြည်နယ်ဝန်ကြီးချုပ် လူမှုကွန်ရက်စာမျက်နှာ
November 11, 2024
အိန္ဒိယအကျဥ်းထောင်တွင်း အကျဥ်းကျနေသည့် မြန်မာနိုင်ငံသားများသည် လွှတ်မြောက်ရန်ကြန့်ကြာနေ၍ ...
November 11, 2024
ကရင်နီတော်လှန်ရေးအင်အားစုများ လှုပ်ရှားရာဒေသများတွင် အသွင်ပြောင်းစစ်ဆင်ရေး ထပ်မံ...