စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့တာကြောင့် ၂ ရက်အတွင်း အိမ်ခြေ ၁၀၀ နီးပါး လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါကားလမ်းမပေါ်မှာရှိတဲ့ မှန်တောကျေးရွာက စစ်ဘေးရှောင် ချင်းလူငယ် ၃ ဦးဟာ ရွာထဲကို ရိက္ခာပြန်ယူတဲ့အချိန် စစ်ကောင်စီတပ်ကဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)က ကျေးရွာတစ်ရွာမှာ လူလေးဦးနှုန်းစီ တာဝန်ပေးအပ်ပြီး အုပ်ချုပ်ရေးယန္တရားတည်ဆောက်နေမှုအပေါ် ဒေသခံချင်းလူထုတွေအကြား စိုးရိမ်ကြောက်ရွံ့မှုတွေရှိနေတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။