သင်္ကြန်ကာလအတွင်းမှာ စစ်ကောင်စီဘက်က တိုင်းပြည်ငြိမ်းချမ်းသယောင် ဝါဒဖြန့်ဖို့အတွက် ပွဲတော်ကို စည်စည်ကားကားပြုလုပ်ဖို့ ပြင်ဆင်မှုတွေရှိနေတာကြောင့် စစ်ရေးအရှိန်မြင့်ဖို့လုပ်သွားမယ်လို့ တမူးPDF က ဆိုပါတယ်။
တမူးမြို့နယ်အတွင်းမှာ သင်္ကြန်ပွဲတော်မှာ မဏ္ဍပ်ကြီးနှစ်ခုပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်မှုတွေရှိနေတာကြောင့် စစ်ကောင်စီဘက်က ဝါဒဖြန့်မှုတွေမအောင်မြင်ဖို့အတွက် စစ်ရေးအရှိန်မြင့်တာတွေပြုလုပ်မှာဖြစ်တယ်လို့ တမူး PDF တပ်ရင်း -၁ က ဒီနေ့မှာထုတ်ပြန်ပါတယ်။
တမူးမြို့နယ်ထဲက ပြည်သူတွေလည်း ဒီသင်္ကြန်ကာလမှာ မဏ္ဍပ်တွေကို မသွားဖို့ ၊ KTV ၊ Praivate Club တွေမှာ ပျော်ပွဲရွှင်ပွဲပြုလုပ်တာတွေ၊ လူစည်ကားတဲ့နေရာတွေမှာ ရေဆော့ကစားတာတွေမလုပ်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
တမူး PDF နဲ့ စစ်ကောင်စီတပ်တွေက တမူးမြို့နယ်အတွင်း တိုက်ပွဲမကြာခဏဖြစ်ပွားမှုတွေရှိနေသလို နှစ်ဖက်ကျဆုံးမှုတွေလည်းရှိနေတယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာသတင်းတွေအရသိရပါတယ်။