အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် နေရာ ၂ ခုတွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော မူးယစ်ဆေးဝါး ဧပြီလ ၅ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Excise & Narcotic တို့က New Champhai တွင် ဂရမ် ၁၂၈ အလေးချိန်ရှိ ဘိန်းဖြူ ၁၀ ဟောင်နဲ့အတူ ပိုင်ရှင်ဟုယူဆရသူ တီးတိန်မြို့နယ် Kaptel ကျေးရွာမှ ချင်းအမျိုးသမီး Tinzamhuai ထံ ဧပြီလ ၅ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ် ညစဉ်သတင်း Zonet zawlbuk တွင် ဖော်ပြသည်။
အလားတူ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဇိုးခေါထား ရဲတပ်ဖွဲ့တို့ကလည်း ကျန်းဖိုင်ဘက်ကို ၁၂၅ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော ဂရမ် ၃၁၄ အလေးချိန်ရှိ ဘိန်းဖြူ ၂၃ ဟောင်နဲ့အတူ ပိုင်ရှင်ဟုယူဆရသူ ဇိုးခေါထားကျေးရွာ Lalruatmawia ကို Melbuk ကျေးရွာအဝင်တွင် ဧပြီလ ၅ ရက်နေ့ညက ဖမ်းဆီးခဲ့သည်။
အဆိုပါ ဖမ်းဆီးထားသော ဘိန်းဖြူများမှ မြန်မာနိုင်ငံမှ သယ်ဆောင်လာခြင်းဖြစ်ပြီး အဖမ်းဆီးခံထားရသူများကိုလည်း ND & PS ဖြင့် အမူဖွင့်ဆိုပြီး ကျန်ဖိုင်းခရိုင်ထောင်သို့ ပို့ဆောင်ခဲ့ကြသည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ သယ်ဆောင်လာသော Methamphetamine အလုံးရေ တစ်သိန်း အလေးချိန် ၉ ကေဂျီနှင့် ဂရမ် ၆၀၂ ကို Vaivakawn, Zohnuai, Sairang Road တွင် မီဇိုရမ်ပြည်နယ် Special Narcotics PS (CID Crime) Team အဖွဲ့က ဖမ်းဆီးခဲ့သည်။