မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရိုက်နှက်၍ ပြစ်ဒဏ်ပေး

မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရိုက်နှက်၍ ပြစ်ဒဏ်ပေး

မြစ်ကြီးနားမြို့ ရပ်ပူရပ်ကွက်အတွင်းရှိ လမ်းဘေးနှင့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် မူးယစ်ဆေးဝါး လာရောက်သုံးစွဲသူများကို ရပ်ကွက်နေပြည်သူများက ဖမ်းဆီးကာ အပြစ်ပေး ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ရပ်ပူရပ်ကွက်အတွင်း၌ ယခုနောက်ပိုင်းတွင် လမ်းဘေး လမ်းကြိုလမ်းကြားနှင့် အများပြည်သူနှင့်သက် ဆိုင်သည့်နေရာ များတွင် မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူများတစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ နေသောကြောင့် ရပ်ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်သွားစေရန်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ပြုလုပ်ရခြင်းဖြစ် ကြောင်း ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။

“အဓိက ကတော့ကွာ ဒီရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေများလို့ ခိုက်ရန်ဖြစ်ပွားမှုတွေများတယ်။ ခိုးဆိုးလုနှိုက်မှုတွေများလာတယ် အဲ့ဒါကြောင့် ရပ်ကွက်ထဲကလူငယ်တွေစုစည်းပြီးတော့ ရဲနှင့် ရပ်ကွက်တာဝန် ရှိသူတွေပေါင်းပြီးတော့ရပ်ကွက်ထဲမှာ လည့်လည်ပြီးတော့မှ မူးယစ်ဆေးသုံးနေတာတွေ့ရင် ငါးချက်လောက်ရိုက်ပြီး နောက်မလုပ်ဖို့ခံဝန်ကတိနဲ့ပြန်ခိုင်းတယ်” ဟု ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။

လတ်တလောမှာ ပညာပေးကာလအဖြင့် ရိုက်နှက်ပြစ်ဒဏ်ပေး၍ ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းပြီးမှသာ ပြန်လွတ်ပေးလျက်ရှိပြီးနောက်ပိုင်းတွင် အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“အဲ့ဒီအဖွဲ့တွေက တစ်နေ့ကို ရမ်ပူရပ်ကွက်မှာ သုံးကြိမ်လောက်တော့လှည့်တယ် တွေ့မိရင်တော့ အခုက ပညာပေးကာလအနေနဲ့ ငါးချက်လောက်ရိုက်ပြီး ပြန်ခိုင်တယ် ဒီရပ်ကွက်မှာက အရင်ကတည်းကအဲ့လိုပဲ လာသုံးနေကြတာရပ်ကွက်ကလည်းကြီးတယ်ဆိုတော့ ပိုပြီးများလာတာက ဒီ တစ်နှစ်ကျော််လောက်ပဲရှိသေးတယ် အရင်ကတော့ လာမသုံးကြဖို့စာတွေကပ်တာလောက်ပဲလုပ်တာ မရတော့အခုလိုလုပ်လာတာပဲ သိမကြာသေးဘူး” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

ရမ်ပူရပ်ကွက်တွင်း မူးယစ်ဆေးဝါးသုံးစွဲမှုအများဆုံးနေရာများမှာ လမ်းသွယ် ၂၁ ၊၂၂ ၊ ၂၄ နေရာများနှင့်နီးစပ်သည့် နေရာများတွင်အများဆုံးဖြစ်ပြီး ကျန်သည့်နေရာများတွင်လည်း သုံးစွဲသူရှိနေကြောင်းသိရသည်။

နန့်ပေါင်လေတပ်စခန်းရဲ့တစ်ဖက်ကမ်းရှိ စန်းကားရွာ ( Google Map)
November 18, 2024
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့...
ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...