လေတပ်အရာရှိတစ်ဦး DMO-PDF ထံ CDM ပြုလုပ်

လေတပ်အရာရှိတစ်ဦး DMO-PDF ထံ CDM ပြုလုပ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မှာ သင်တန်းတက်ရောက်နေတဲ့ လေတပ်အရာရှိ DSA အပတ်စဉ်(၅၀) ၊ လေ-၃၄၇၄ ဗိုလ်ကြီးဇေသူအောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO - Local PDF) ထံ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ CDM ပြုလုပ်ကာ ပူးပေါင်းပါဝင်လာတယ်လို့ DMO-PDF က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

“ကျနော်တို့လည်း ဒီကိုရောက်မှပဲ ကျနော်တို့သိရတယ်လေ။ အဆက်သွယ်တစ်ခုနဲ့ရောက်လာတယ်ပေါ့။ ဆိုတော့ ကျန်တဲ့အပိုင်းကတော့ မေးလို့သူလည်းဖြေပါတယ်။ ဒါပေမယ့်လုံခြုံရေးအရတော့ ကျနော်တို့တော့ ပြောပြလို့မရဘူးပေါ့။ ပြင်ဦးလွင်ကနေလာတယ်။ သူသင်တန်းတစ်ခုနဲ့ နေပြည်တော်ကနေ ပြင်ဦးလွင်ကိုသင်တန်းတစ်ခုနဲ့တက်ပြီး သူ့အဆက်အသွယ်နဲ့ ထွက်ပြေးလာတယ်ပေါ့နော။ ဒီဖက်ကိုရောက်မှပဲ ကျနော်တို့ဆီဝင်တယ်ပေါ့။ ၁၅ရက်နေ့ကဝင်တယ်ပေါ့။ ကျနော်တို့မေးမြန်းပြီးတော့ သူ့ကိုတော့လုံခြုံတဲ့နေရာပို့လိုက်ပြီပေ့ါနော။ NUG ဆီပဲပို့လိုက်ပါတယ်။ ပြည်သူ့ရင်ခွင်ပေါ့။ အဲ့မှာပို့လိုက်တယ်ပေါ့။”လို့ DMO-PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသက် ၃၀ကျော်အရွယ်ရှိ ဗိုလ်ကြီးဇေသူအောင်ဟာ နေပြည်တော်၊ အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းမှာ လုပ်သက်(၁၇)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း လေတပ်ထဲမှာ ပထမဦးဆုံး ပြည်သူနဲ့အတူ ရပ်တည်တဲ့အရာရှိဖြစ်တယ်လို့ DMO-PDF ကဖော်ပြထားပါတယ်။

ပြည်သူနှင့်အတူပူးပေါင်းလာတဲ့ ဗိုလ်ကြီးဇေသူအောင်နဲ့ မိသားစုကို ကောင်းမွန်စွာကြိုဆိုလက်ခံပြီး လုံခြုံတဲ့ နေရာကို စီစဉ်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Locla PDF)တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလားတူ ပြည်သူလူထုနှင့် တစ်သားထဲ ပူးပေါင်းပါဝင်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့မှ နွေးထွေးစွာ ကြိုဆိုလက်ခံရန် အသင့်ရှိကြောင်း အသိပေးထားပါတယ်။

“အမြဲတမ်းလက်ကမ်းကြိုဆိုတယ်ပေါ့နော။ ဆိုတော့ ဝင်လာတဲ့သူ တစ်ဦးချင်းဆီအပေါ်မှာ ကျနော်တို့ ဂုဏ်ပြုချီးမြှင့်တာတော့ရှိပါတယ်။ တစ်ခါတစ်လေ ကျနော်တို့လိုင်းပေါ်မတင်တာလည်းရှိပါတယ်။ တစ်ခါတစ်လေလည်း တင်တာတော့ရှိတယ်ပေါ့နော။ အဲ့လိုမျိုး ကျနော်တို့ အမြဲတမ်းကြိုဆိုတယ်ပေါ့နော။ သူတို့အတွက် လုံခြုံမှုကတော့ အဓိကပေါ့နော။ ကျန်ခဲ့တဲ့ သူ့မိသားစုကိုလည်း ကျနော်တို့အမြဲတမ်း အကဲခတ်တာရှိတယ်။ လိုအပ်ရင်လိုအပ်သလိုပေါ့နော ကျနော်တို့ကူညီပံ့ပိုးတာတော့ရှိတယ်ပေါ့နော။” လို့ DMO-PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်းများ။  (ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )
November 19, 2024
နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက...
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း။ (ဓါတ်ပုံ - Khun Yaw Han )
November 18, 2024
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို ဒီကနေ့ နိုဝင်ဘာလ ၁၈...
November 18, 2024
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ ရွှေ့ပြောင်းတောင်ယာစပါးခင်းက...