အင်းတော်ကြီးအင်းမြှီးဒေသအနီးမှာရှိတဲ့ ဂျာလျှန်ရွှေမှော်ကို အနီးတဝိုက်ကို စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ည သန်းခေါင်ကျော်မှာ ဗုံးကျဲခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဒီဗုံးကျဲမှုမတိုင်မှီက ဂျာလျှန်ရွှေမှော်အနီးပတ်ဝန်းကျင်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲငယ်တွေဖြစ်ပွားနေတာ (၃) ရက်ခန့်ရှိနေပြီဖြစ်ပါတယ်။
တိုက်ပွဲမဖြစ်ပွားမှီ ရက်ပိုင်းမှာလည်း ရွှေမှော်မှာ လုပ်ကိုင်နေသူတွေကိုလည်း ပြောင်းရွေ့ကျဖို့နဲ့ ၊ တိုက်ပွဲဖြစ်ပွားပါက အပြင်မထွက်ကြဖို့ KIA ရော စစ်ကောင်စီတပ်ဘက်ကမှာ ပြောဆိုထားတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။
“ မနေ့ညသန်းခေါင်က လေယာဉ်နိမ့်နိမ့်လေး ပျံပြီးသွားတာမဟုတ်ဘူး ၊ ဝဲနေတော ၊ ဗုံးကျဲတာထင်တယ် အသံက အကျယ်ကြီးပ ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး “ လို့ အင်းမြှီးဒေသခံ တစ်ဦးက ရှမ်းနီအသံကို ပြောဆိုပါတယ်။
စစ်ကောင်စီက အင်းတော်ကြီးဒေသ တုံပေ မိုင်းပုတ်ကျေးရွာတွေဘက်ကိုလည်း ၂၀၂၁ ခုနှစ်ကုန်မှာ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှု တစ်ခုရှိခဲ့ပြီး အောက်တိုဘာလမှာလည်း မိုင်းနောင်ကျေးရွာအနောက်ဘက်ကို တစ်ကြိမ် ဗုံးကျဲခဲ့ပါတယ်။
၂၀၂၁ ကုန်လပိုင်းအတွင်းကစပြီး စစ်ကောင်စီတပ်တွေက တိုက်ပွဲတွေမှာ လေယာဉ်အသုံးပြုပြီး တိုက်ခိုက်မှု ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပါတယ်။