အာဏာရယူအပြီး တစ်နှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပေါ် မြန်မာစစ်တပ်ရဲ့ အပြုအမူတွေ

အာဏာရယူအပြီး တစ်နှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပေါ် မြန်မာစစ်တပ်ရဲ့ အပြုအမူတွေ

(မြန်မာ့အရေး သူတို့အမြင် စာတမ်း)

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ်ရဲ့ အာဏာထိန်းမှုဆိုတဲ့ လုပ်ရပ်အလွန် တစ်နှစ်ပြည့် နှစ်လည်အစီရင်ခံစာသစ်မှာ စစ်တပ်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် အပြုအမူတွေနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြထားတဲ့ အစီရင်ခံစာသစ် ထွက်ပေါ်လာပါတယ်။

တစ်နှစ်အတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဆိုင်ရာအဆောက်အဦတွေကို မြန်မာစစ်တပ်ရဲ့အပြုအမူပေါင်း အနည်းဆုံး ၄၁၅ ခုအထိ ရှိခဲ့တယ်လို့ PHR၊ Insecurity Insight နဲ့ Johns Hopkins တက္ကသိုလ်တို့ရဲ့ အစီရင်ခံစာသစ်တွေမှာ ဖော်ပြပါရှိပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ဟာ မြန်မာစစ်တပ်အာဏာရယူထားချိန် တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေအပေါ် အရေးယူခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဝန်ဆောင်မှုတွေအပေါ် စောင့်ကြည့်ခြင်းစတဲ့ လက္ခဏာတွေဟာ နိုင်ငံတကာဥပဒေတွေအပေါ် ချိုးဖောက်နေခြင်းလည်းဖြစ်တယ်လို့ ဝေဖန်ချက် ရှိနေတာကို လေ့လာတွေ့ရှိရပါတယ်။

မြန်မာစစ်တပ် အာဏာပိုင်သက်တမ်း တစ်နှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ပြုမူချက် အချက်အလက်တွေအပေါ်အခြေခံပြီး " ကျွန်ုပ်တို့ ကျန်းမာရေးဝန်ထမ်းတွေဟာ အကြောက်တရားနဲ့အလုပ်လုပ်နေကြရပါတယ်" ဆိုတာမျိုး ဖော်ပြထားပါတယ်။၂၀၂၁ ဖေဖော်ဝါရီ ၁ နောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အပြုအမူတွေအတွင်း ကျန်းမာရေးလုပ်သားတွေနဲ့ အဆောက်အဦတွေအပေါ် လမ်းကြောင်းတွေနဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေပြုလုပ်ပြီး မီးမောင်းထိုးပြထားတဲ့ အချက်အလက်တွေအရ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ပြုမူချက်ပေါင်း ၄၁၅ ခုအထိရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၂၈၆ ယောက် းထိန်းသိမ်းခံထားရတယ်လို့ အဲဒီ အစီအရင်ခံစာက ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးဌာန ၂၁၈ ခုတိုက်ခိုက်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၃၀ ယောက် သေဆုံးခဲ့တယ်လို့ ရေးသားပါတယ်။

အစီရင်ခံစာပူးတွဲရေးသားသူနဲ့ PHR ပရိုဂရမ်အရာရှိ Lindsey Green က "အာဏာသိမ်းပြီးနှစ်မှာ သူနာပြုနဲ့ဆရာဝန်တွေဟာ စစ်တပ်ရဲ့ အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ဝန်ထမ်းတွေကို အန္တရာယ်ပြု ခြိမ်းခြောက်ခဲ့ကြပြီး ကိုဗစ်ဆေးခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ကြသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဖြတ်တောက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြိုလဲသွားခဲ့တယ်" လို့ ပြောပါတယ်။

" သွေးထွက်သံယိုမှုတွေ အဆုံးသတ်ဖို့ နိုင်ငံတကာက မြန်မာစစ်တပ်ကို ဖိအားပေးတာမျိုး ချက်ချင်း မဆောင်ရွက်ရင် မြန်မာနိုင်ငံရဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့အရပ်သားတွေဟာ ကပ်ဘေးကြီးရဲ့ဒုတိယနှစ်ကိုရောက်သွားပါလိမ့်မယ်" လို့လည်း သူက ပြောပါတယ်။

အစီရင်ခံစာသစ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ အကျုံးဝင်ပါတယ်။

CPHHR၊ Insecurity Insight နှင့် PHR ကသုတေသီတေဟာ ဒစ်ဂျစ်တယ်ပွင့်လင်းအရင်းအမြစ်စစ်ဆေးမှုတွေမှာ Berkeley Protocol မှ အသိပေးထားတဲ့  open-source နည်းစနစ်ကို အသုံးပြုခဲ့ပါတယ်။

အဖြစ်အပျက်တွေအားလုံးဟာ ကိုယ်စားပြုစာရင်းတစ်ခုမဟုတ်သေးသလို အပြည့်အစုံလည်းမဟုတ်သေးပါဘူး။ အချက်အလက်စုဆောင်းတာကိုဆက်လက်လုပ်ကိုင်နေပြီး အပြောင်းအလဲရှိလာနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း သုတေသနပြုချက်တွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း အရပ်သားတွေကိုမြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်ဖြိုခွင်းသတ်ဖြတ်နေတဲ့ကြားက ကျန်းမာရေးဝန်ထမ်းတွေအပေါ်နှိပ်စက်မှုနဲ့ အဆောက်အဦတွေအပေါ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ယာယီပါပဲ။

၂၀၂၁ ခုနှစ် မတ်လမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြမှုတွေ

ကြား ဖြစ်ခဲ့တဲ့ လစဉ် အမြင့်ဆုံးဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားပေမယ့်လည်း နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်တော်လှန်ရေးတွေ ပြင်းထန်လာပြီး မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုများကြားက အစီရင်ခံတင်ပြထားတဲ့တိုက်ခိုက်မှုတွေ ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းအထိ တဖြည်းဖြည်း တိုးလာပါတယ်။

အစီရင်ခံစာသစ်မှာ နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲတွေ၊ Civil Disobedience Movement (CDM)၊ COVID-19 ရဲ့ ဆိုးရွားတဲ့ တတိယလှိုင်းအပါအဝင် နိုင်ငံတစ်ဝန်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ၁၂ လကျော်ကာလအတွင်းဖြစ်ပွားနေတဲ့ဖြစ်ရပ်တွေနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တုန့်ပြန်ချက်ပုံစံတွေ ဘယ်လိုပြောင်းလဲလာတယ်ဆိုတာကို ဆန်းစစ်ထားပါတယ်။

စေတနာ့ဝန်ထမ်းဆေးဘက်ဆိုင်ရာအဖွဲအစည်းဖြစ်တဲ့ Mandalay Medical Cover ကလည်း ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တုန့်ပြန်ချက်ပုံစံတွေရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး PHR နဲ့အတူ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

" မိမိတို့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကြောက်စိတ်နဲ့အလုပ်လုပ်နေရပါတယ်။ ဖိနှိပ်ခံနေရပါတယ်။ မိမိတို့လိုပဲ မိမိတို့ရဲ့မိသားစုဝင်တွေလည်း အတင်းအကြပ်ဖမ်းဆီးခံနေရပြီး သင့်လျော်တဲ့ဆေးဝါးကုသမှုမရတဲ့အတွက် မိမိတို့နဲ့အတူ လူနာပေါင်းများစွာအသက်ဆုံးရှုံးနေရပါတယ် "လို့ ဆိုပြန်ပါတယ်။

သုတေသီတွေအနေနဲ့ကလည်း စကစ ၊ NUG ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF ၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေဆီကို အသေးစိတ်အကြံပြုချက်တွေဆက်တိုက်ပေးပို့နေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ထပ်လေ့လာစရာတစ်ခုက ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဝရမ်း ထုတ်တာနဲ့ ဖမ်းဆီးတာတွေကိုချက်ချင်းရပ်တန့်ဖို့ PHR ကတောင်းဆိုထားပါတယ်။ ပဋိပက္ခဖြစ်ပွားနေ တဲ့အဖွဲ့အားလုံးဟာ ကျန်းမာရေးဝန်ဆောင်မှုများနဲ့ ဒဏ်ရာရရှိသူတွေကို လေးစားမှုရှိဖို့ အကာအကွယ်ပေးဖို့နဲ့ စပ်လျဉ်းတဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေကိုလိုက်နာဖို့ အားလုံးလိုအပ်နေပါတယ်လို့လည်း ဆောင်းပါးမှာ ရေးသားထားပါတယ်။

အခြေအနေအရပ်ရပ်အပေါ် အစီအရင်ခံစာက ခုလိုလည်း ဖော်ပြပါတယ်။ ဒါဟာ လေ့လာသင့်တဲ့ အချက်အလက်ပါ။

“တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် နောင်နှစ်ပေါင်းများစွာ သက်ရောက်မှုတွေ ဆက်ရှိနေဦးမှာပဲ” လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

Ref:relifeweb.int

Photo Credit: Myanmar Health Directory

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 5, 2024
အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေသည့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ကုန်စည်အစီအရီတင်ဆောင်လာသော...