ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်က ဖမ်းဆီးခံရသော CDM ဝန်းထမ်းအမျိုးသမီး ၃ ဦးကို ဇန်နဝါရီလ ၂၈ ရက်တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်အမျိုးသမီး ၄ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဟု သိရသည်။
အဆိုပါ ပြန်လွတ်လာသော CDM ဝန်ထမ်း ၃ ဦးမှာ ပညာရေးဌာနမှ ၂ ဦးနှင့် ဆက်သွယ်ရေးဌာနမှ ၁ ဦးတို့ဖြစ်ကြပြီး နေအိမ်အသီးသီးကို ပြန်ရောက်နေကြပြီဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။
“ ဒီနေ့ ၁၁ နာရီက ပြန်လွတ်တယ်။ မေးမြန်းစရာမရှိတော့ဘူး။ ပြီးသွားပြီပေါ့။ မေးစရာတွေ ကျန်သေး တဲ့သူတွေက ကျန်သေးတယ်။ မေးစရာတွေ ပြီးသွားရင် ပြန်လွတ်မယ် အဲ့လိုပဲ ပြောတာပဲ” ဟု ဖလမ်း မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ CDM ဝန်ထမ်းအမျိုးသမီး ၇ ဦးကို ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များမှ နေ အိမ်တွင် သွာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။