ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် ဇန်နဝါရီလ ၂၅ ရက် ယမန်နေ့က Civil Disobedience Movement- CDM ျပဳလုပ္သည့္ ဝန်ထမ်း အမျိုးသမီး ၇ ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့ နေအိမ်အသီးသီးတွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ဖ လမ်းမြို့ ရဲစခန်းတွင် စစ်ဆေး နေသည်ဟု သိရသည်။
“ ကျွန်တော်တို့ဖက်က သိသလောက်တော့ ၇ ယောက်၊ ကြားရသလောက်တော့ ပါတီနိုင်ငံရေးကင်း စင်းကြောင်း မေးမြန်းပြီးရင် ပြန်လွတ်မယ်လို့ကြားတယ်။ ဒါပေမယ့် ဘာမှတိတိကျကျ မသိရသေးဘူး။ တွေ့လို့မရဘူး။ စစ်ဆေး မေးမြန်းနေတုန်းဆိုတော့” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။
အဖမ်းခံရသည့်အမျိုးသမီး ၇ ဦးတို့မှာ ပညာရေးဌာနက ၄ ဦးနှင့် ကျန်းမာရေး၊ ဆည်မြောင်း၊ ဆက်သွယ်ရေးဌာနက ဝန် ထမ်းများဟုသိရသည်။
၎င်းတို့အား စစ်ကောင်စီတပ်ဖွဲ့က မည်သည့်အတွက်ကြောင့်ဖမ်းဆီးသွားသည်ကို အတိအကျမသိရသော်လည်း CDM လှုပ်ရှားမှုတွင်ပါဝင်သည့်အတွက်ကြောင့်ဖြစ်နိုင်သည်ဟု ဖလမ်းဒေသခံကပြောသည်။
ဖလမ်းမြို့တွင် အစိုးရဌာနအလိုက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းဦးရေ ၃၀၀၀ ခန့် ရှိ သည်ဟု သိရသည်။