ကိုဗစ်ပိုးတွေ့သောကြောင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ရက်ပိတ်ထား

ကိုဗစ်ပိုးတွေ့သောကြောင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ရက်ပိတ်ထား

တရုတ်ပြည်သို့ တင်ပို့မည့်တစ်သျှူးငှက်ပျောကုန်ပစ္စည်းကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားသောကြောင့် မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးဂိတ်ကို သုံးရက်ကြာ ပိတ်ထားကြောင်း သိရသည် ။

ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ၅ လကျော်ပိတ်ထားသည့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာဘက်မှ တစ်သျှူးငှက်ပျော်ကားများနေ့စဥ် တင်ပို့နေချိန် ဇန်နဝါရီလ ၃ ရက်နေ့တွင် တရုတ်သို့တင်ပို့မည့် ကုန်ပစ္စည်း၌ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသောကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ခွင့်ယာယီပိတ်ထားကြောင်း ကချင်ပြည်နယ်သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

“ကျွန်တော်တို့ဘက်က ပိုးစစ်တဲ့အခါမှာ ယာဥ်မောင်းတွေကားတွေနဲ့ ကုန်ပစည်းတွေအားလုံးကို လည်းပိုးစစ်တဲ့အခါ ကုန်ပစ္စည်းတွေမှာ ပိုးတွေ့လိုက်တယ်။ အဲ့ပိုးတွေ့လိုက်တော့ အခုလောလောဆယ် သုံးရက်တော့ နယ်စပ်ဂိတ်ကို ခနလေးထိန်းထားတယ်။ အဝင်အထွက်ကို ခနပိတ်ထားတယ်။ မနေ့ကရယ် ဒီနေ့နယ် မနက်ဖြန်သုံးရက်ကတော့ ပိတ်နေအုံးမယ်” ဟု ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကိုဗစ်ရောဂါပိုးသည် တစ်သျှူးငှက်ပျောလုပ်သားများထံမှ တဆင့်ကူးစက်ပါလာခြင်းဖြစ်သောကြောင့် လက်ရှိတွင် ကုန်ကားနှင့်သက်ဆိုင်သည့် ငှက်ပျောစိုက်ခင်းနှင့် ငှက်ပျောလုပ်သားများကိုလည်း ၁၅ ရက်ကြာ လော့ဒေါင်းချထားကြောင်း သိရသည်။

“ငှက်ပျောစိုက်တဲ့ စိုက်ခင်းထဲကနေ ထွက်မယ်ဆိုရင် ငှက်ပျောခုတ်တဲ့လုပ်သားရှိတယ်။ ပြီးရင်ငှက်ပျော ရေဆေးတဲ့လုပ်သားရှိတယ်။ ဆေးစိမ်တယ် ထုတ်ပိုးတယ်အဲ့တာတွေလုပ်တဲ့လုပ်တဲ့ လုပ်သားတွေ လေးဆယ်လောက်ရှိတယ်အဲ့ထဲကနေပါသွားတယ်ထင်တယ်။ အဲ့ဒီပိုးတွေ့တဲ့ခြံပိုင်ရှင်ရဲ့ ငှက်ပျောခြံနှစ်ခြံကိုလည်း ထုတ်လုပ်ခွင့် ၁၅ ရက်ပိတ်ထားတယ်။ လုပ်သားတွေကိုလည်း ကွာရန်တင်း ၁၅ ရက်ထားတယ်’’ ဟု ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ဆေးစစ်ပေးမူနှင့် ပတ်သက်ပြီး မြန်မာဘက်မှ ကုန်ကားနှင့် ယာဥ်မောင်းများအား ဝါးရှောင်ကျေးရွာတွင်တစ်ကြိမ်၊ လုကြည်ကျေးရွာတွင်တစ်ကြိမ် ကန်ပိုက်တည်တွင်တစ်ကြိမ်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးဥမင်လှိုင်ခေါင်းတွင်တစ် ကြိမ် စသည့်နေရာများတွင် ရောဂါစစ်ဆေးကြောင်း သိရသည်။

‘’ပိုးစစ်တဲ့ဟာတော့ နှာခေါင်းထိုးတဲ့ဟာလေးနဲ့ထိုးပြီးမှ ပဲစစ်ဆေးပေးတယ်။ အခုထိကိုဗစ်ပိုးတွေ့တာ တော့မရှိသေးဘူး’’ ဟု ကားသမားတစ်ဦးက ပြောသည်။

တစ်သျှူးငှက်ပျောကားမောင်းသည့် ကားသမားများအား ကန်ပိုက်တီး မြို့အဝင်တွင် အဆောက်အဦး ဖြင့်ထားရှိပြီး နေရာထိုင်ခင်းအဆင်မပြေသည့် ပြသာနာဖြင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။

ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်က ၂၀၂၁ ဇူလိုင်လကတည်းကပိတ်ထားခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာ တစ်နေ့လျှင် ငှက်ပျောကားတစ်စီး ၃၀ ကျော် နေ့စဥ် တင်ပို့လျက်ရှိကြောင်း သိရသည်။

Most read this week

မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းတွေ့ရတဲ့ ခရီးသည်ကားနဲ့ကုန်ကားများ (ပုံဟောင်း)
November 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း...
နန့်ပေါင်လေတပ်စခန်းရဲ့တစ်ဖက်ကမ်းရှိ စန်းကားရွာ ( Google Map)
November 18, 2024
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့...
ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...