လေးကေကော်ဒေသကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

လေးကေကော်ဒေသကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ် မြဝတီမြို့၏ တောင်ဘက်ခြမ်း ၉ မိုင်ခန့်အကွာရှိ လေးကေကော်ဒေသကို ယနေ့ မွန်းလွဲ ၃း၄၀ အချိန်ခန့်က စစ်ကောင်စီအဖွဲ့မှ တိုက်လေယာဉ်ဖြင့် လာရောက်ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“တိုက်လေယာဉ် ၂ စီးနဲ့ လာထပ်ပစ်တာ။ ဒီနေ့ မွန်းလွဲ ၃း၄၅ အချိန်ထိ နှစ်ချက်ရှိသွားပြီး ။ လက်ရှိ လေးကေကော်ဒေသအနီးမှာ စစ်ရှောင်နေသူတွေ ရှိနေတဲ့အတွက် စိတ်ပူမိတယ်” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

လေးကေကော်ဒေသသို့ ယမန်နေ့ည ၁၀ နာရီဝန်းကျင်ကလည်း စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့၍ ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင် ထိုင်းဘက်သို့ ညတွင်းချင်း စစ်ရှောင်ပြေးခဲ့ရပြီဖြစ်သည်။

ယနေ့ ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီဝန်းကျင်မှစ၍ စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယခု မွန်းလွဲ ၃ နာရီခွဲကျော်တွင် တိုက်လေယာဉ်ဖြင့် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ထိခိုက်မှုအခြေအနေကိုတော့ လတ်တလော အခြေအနေအရ အတည်မပြုနိုင်သေးပါ။

Most read this week

December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...
December 23, 2024
ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ...
December 21, 2024
KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၄)၊ ဘိတ် - ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့်...
December 20, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊...