လေးကေကော် မြို့သစ်အိမ်ယာများအား စစ်ကြောင်း ၄ နေရာဖြန့်ကာ ရှာဖွေ စစ်ဆေး ဖမ်းဆီးမှုများ လုပ်ဆောင်နေ

လေးကေကော် မြို့သစ်အိမ်ယာများအား စစ်ကြောင်း ၄ နေရာဖြန့်ကာ ရှာဖွေ စစ်ဆေး ဖမ်းဆီးမှုများ လုပ်ဆောင်နေ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဖြစ်သော ငြိမ်းချမ်းရေး ကျေးရွာသစ်လေးကေကော် ဧရိယာအတွင်းသို့ ဒီဇင်ဘာ ၁၄ရက် နံနက်ပိုင်း ၈ နာရီခန့်မှ စတင်၍ စစ်ကောင်စီ လက်အောက်ခံတပ်များက စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက်စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ် အမှတ် ၅၆၀ ခြေမြန်တပ်ရင်းမှ စစ်ကြောင်း ၄ ကြောင်း အင်အား၂၀၀ ခန်ဖြင့် ဖြန့်ကြက်စစ်ကြောင်း တိုက်ကင်း ပုံစံ ဖြင့် ရပ်ကွက်နေအိမ်များအတွင်း PDF များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အား ရှာဖွေ ဖမ်းဆီးရန် လေးကေကော် ရပ်ကွက်များအတွင်း ပိတ်ဆို့ စစ်ဆေးဝင်ရောက် ရှာဖွေ မှုများ လုပ်ဆောင်နေသောကြောင့် လူ ၁၀ဦး ထက်မနည်း ရှာဖွေဖမ်းဆီး ခံထားရကြောင်း /ဖုန်းလိုင်းအင်တာနက် လိုင်းများ လည်း ဆက်သွယ် မရဖြစ်နေကြောင်း ရပ်ကွက်များအတွင်း နေထိုင် နေသူများ ပြော စကားအရ ကနဦးစုံစမ်း သိရသည်။

အမည်မဖော်လိုသူ ရပ်ကွက်နေ ပြည်သူတစ်ဦးက ” လူကြီးတွေ ခွင့်ပြုလိုက် တာလားမသိဘူး။ ဒီမနက်စောစောမှာ ရပ်ကွက် ၆ ဘက်ကို သူတို့ ဝင်စစ်တယ်။ ရပ်ကွက် ၂ ကြားအထိလည်း သူတို့ရောက်လာတယ်။ အခုထိ သူတို့ပတ်နေတုန်းပဲ။ ဘယ်လိုတွေ စစ်ဆေးနေလဲတော့ မသိဘူး။ လူတွေကို အပြင်ခေါ်ထုတ်ပြီးတော့ မေးတယ်လို့ ကြားတယ်။ ပစ္စည်းတွေ မိတယ်လို့တော့ပြောတယ်။ သတင်းက အတိအကျ မဟုတ်သေးဘူး။ “ဟု ကေအိုင်စီသို့ ပြောသည်။

KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...