ဘားအံမှာ စစ်ကောင်စီ ရိက္ခာတင်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဘားအံမှာ စစ်ကောင်စီ ရိက္ခာတင်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝါးဘိုတေားနှင့်ကမမောင်းလမ်းကြားရှိ ညောင်ကုန်းနဲ့နိုးရားကျေးရွာကြားမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်း စစ်ကောင်စီရိက္ခာတင်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

ယနေ့မနက်ပိုင်း ၃ နာရီကျော်ခန့်မှာ ကား ၇ စီးနဲ့လာတဲ့ စစ်ကောင်စီရိက္ခာကားတန်းကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားတစ်စီးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

"ဖြစ်တာက မနက်အစောပိုင်းမှာဖြစ်တာ။ စကစ ရိက္ခာကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်တယ်။ သူတို့ကားတွေ အများစုက မီးတောင်မဖွင့်ဘဲ မောင်းလာကြတာ။ ဒီဘက်မှာတော့ သူတို့ဘက်ကမကြာခဏာ မိုင်းဆွဲခံရတာတွေရှိတယ်''လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီး ကျန်ရိက္ခာတင်ကားတွေက လူနဲ့ရိက္ခာတွေကို တင်ဆောင်ပြီး ကမမောင်းဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ကေအဲန်ယူ-သထုံခရိုင် ဘားအံမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ BGF တပ်ယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ကားတွေပျက်စီးတာ လူတွေထိခိုက်သေဆုံးတာတွေ ရှိနေတာဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ-CJ
November 25, 2024
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်နီးပါးကာလအတွင်း ထုတ်လုပ်မှု...
November 23, 2024
“ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအကြံပေး စောထိုဆိုသူဟာ ကော့ကရိတ်မြို့တောင်ပိုင်းမှာ...
November 22, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၇ အတွက် ဒေသတွင်းရှိ လူငယ် ၂၀...
November 21, 2024
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ ကမ္ဘာမှာမြေမြှုပ်မိုင်းကြောင့်...