မအူပင်တွင် လုံခြုံရေးဂိတ်များငွေတောင်း မှတ်ပုံတင်မပါသူ ပါးရိုက်ခံရ

မအူပင်တွင် လုံခြုံရေးဂိတ်များငွေတောင်း မှတ်ပုံတင်မပါသူ ပါးရိုက်ခံရ

ဧရာဝတီတိုင်း မအူပင်မြို့တွင် လမ်းသွားလမ်းလာများနှင့် ခရီးသွားများကို စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ များ သာမက သတင်းပေး ဒလန်ပေးအချို့ ကလည်း သေနတ်လွယ်ထားပြီး ငွေညှစ်တောင်း ယူနေကြသည်ဟု ဒေသခံများက ပြောသည်။

မအူပင်မြို့ဝင် ဂိတ်များနှင့် မြို့တွင်းလမ်းဆုံနေရာတို့တွင် စစ်ဆေးမှုများ ပြုလုပ်နေပြီး မှတ်ပုံတင် မပြနိုင်သူ များ ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆဲဆိုထိုးကြိတ်ကာ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသည်ဟု ပြော သည်။

မအူပင်မြို့သို့ ဈေးတက်ဝယ်သည့် ရေလဲကြီးကျေးရွာတွင် နေထိုင်သူတစ်ဦးက "ပြီးခဲ့တဲ့ရက် တနင်္လာနေ့ (ဒီဇင် ဘာ ၆ ရက်နေ့)က မှတ်ပုံတင်စစ်ခံရတာမှာ မပြနိုင်လို့ ပါးရိုက်ခံရတယ်။ ဒဏ်ငွေ ၃ သောင်း တောင်းလို့ တောင်း ပန်ပြီး ဈေးဖိုးထဲကငွေ  ၂သောင်းပေးခဲ့ ရတယ်" ဟု ပြောသည်။

စစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက လုံခြုံရေးအရ မှတ်ပုံတင် စစ်ဆေးရခြင်းဖြစ်ပြီး မှတ်ပုံတင်မပြနိုင်၍ အချုပ်ထဲထည့်ပြီး ဖမ်းဆီးစစ်ဆေးမည်ဟု ခြိမ်းခြောက် ပြောဆိုနေသဖြင့် ဒဏ်ငွေကို ပေးခဲ့သည်ဟု ရေလဲကြီး ရွာသားက ၎င်းကိုယ်တိုင်ကြုံခဲ့ရသည့် အခြေအနေကို ပြောသည်။

အရပ်ဝတ်များဖြင့် သေနတ်လွယ် ငွေတောင်းနေသူများတွင် မအူပင်မြို့ခံ ရဲနယ်ထိန်းများနှင့် စစ်တပ် သတင်းပေး ဒလန်ဟု အမည်ထွက်နေသည့် အညာသား ခေါ်  စိုးကိုဘ ဆိုသူလည်း ပါဝင်သည်ဟု မအူပင်မြို့ခံ အချို့က ပြော သည်။

"ခုက နေ့စဉ်နဲ့အမျှ အကြောင်းအမျိုးမျိုးပြ ဒဏ်ငွေတပ်တယ်ဆိုပြီး ငွေတောင်းနေကြတယ်။ ပြေစာမပေးဘူး ဆပ်ကြေးတောင်းသလိုပါပဲ။ ဥပသကာတွေကမှ ပြေစာဖြတ်ပိုင်း ပေးသေးတယ်" ဟု မအူပင်မြို့ခံ တစ်ဦးက ပြောသည်။

ဒဏ်တပ်ခြင်းကို တရားရုံးကသာ လုပ်ဆောင်ရမည်ဖြစ်ပြီး မော်တော်ပီကယ်နှင့် သက်ဆိုင်ရာဌာနများက ဒဏ် ရိုက်ပါက ပြေစာ မှတ်တမ်းမှတ်ရာများဖြင့် အခွန်ဘဏ္ဍာအဖြစ် ပေးသွင်းရသည်ဟု အခွန်ဦးစီးဌာန ဝန်ထမ်း ဟောင်း ဦးမောင်မြင့် ပြောသည်။

မအူပင်မြို့ အဝင်အထွက်နှင့် မြို့တွင်း၌ မှတ်ပုံတင်မပါလျှင် ဖမ်းဆီး ဒဏ်ရိုက်ခံရသည့်အတွက် ဒေသတွင်းကျေး လက်နေပြည်သူများထဲက မှတ်ပုံတင် မရှိသေးသည့်သူများ မအူပင်မြို့သို့ သွားရန် အခက်အခဲနှင့် ရင်ဆိုင်နေရ သည်ဟု ဒေသခံများက ပြောသည်။

"မှတ်ပုံတင်မရှိလို့ ရပ်ကွက် အုပ်ချုပ်မှူးရုံး ထောက်ခံစာပြလည်း မရဘူးလို့ ပြောကြတယ်။ မှတ်ပုံတင်ရုံးက မှတ်ပုံတင်မှ လုပ်မပေးတာ။ ဘယ်လို မှတ်ပုံတင်ရှိမှာလဲ” ဟု မလက်တိုကျေးရွာသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာ မသိမ်းခင် မှတ်ပုံတင်ရုံးဝန်ထမ်းများက မှတ်ပုံတင်ထုတ်ပေးရန် ကျေးရွာ၊ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ကာ စာရင်း ကောက်ယူခဲ့သော်လည်း ဒေသခံများ မှတ်ပုံတင် မရသေးဘူးဟု အုပ်ချုပ် ရေးမှူးတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့များအနက် မအူပင်မြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပြည်သူများကို အနိုင်ကျင့် ဖိနှိပ်မှုအဆိုးဖြစ်သည်ဟု မြို့ခံများကဆိုသည်။  

ဖိနပ်မစီးသူ၊ ပလက်ဖောင်းပေါ်မှ လမ်းမလျှောက်သူ၊ စက်ဘီး၊ ဆိုက်ကားတွင် အချက်ပြဘဲလ်နှင့် ရောင်ပြန် မတပ်သူ၊ ဆိုင်ကယ်လေပေါင် မပြည့်သူများကိုလည်း စစ်ဆေးဖမ်းဆီးကာ ခြိမ်းခြောက်ငွေညှစ် တောင်းယူခြင်း ဆဲဆို ဒဏ်ပေးခြင်း၊ ထိုးကြိတ်ခြင်း စသည့်တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေကြသည်ဟု ဒေသခံ  များက ဆိုသည်။

Most read this week

November 26, 2024
တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပိတ်ဆို့မှုကြောင့်...
ဖယ်ခုံမှ စစ်ရှောင်များအား တွေ့ရစဉ်) ဓါတ်ပုံ - KRC
November 26, 2024
စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ရှမ်း-ကရင်နီ အစပ် ဖယ်ခုံမြို့နယ်မှ ဒေသခံ...
November 22, 2024
ကချင်ပြည် နှင့် စစ်ကိုင်းတိုင်း နယ်အစပ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော်SNA...
November 22, 2024
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအား...