NUG ၏ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးက တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကြေညာ

NUG ၏ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးက တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကြေညာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စစ်ကောင်စီ ကင်းစခန်းနှင့် စစ်ဆေးရေး ဂိတ်အချို့ကို ပစ်ခတ်ခဲ့ရာ ရဲနှင့် စစ်သား သေဆုံးမှု ရှိသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး အဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့၊ မွန်းတည့်ချိန်တွင် ရန်ကုန်-ပုသိမ်လမ်းမပေါ် ထန်းတစ်ပင် တာဆုံအနီးရှိ စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်ခံရပြီး ရဲ ၃ ဦး သေဆုံးသွား သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း ဈေးရောင်းချနေသူ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက “အဲ့ဒီဖက်ကိုတော့ စစ်ကားတွေ လူအပြည့်နဲ့ ဆင်းသွားတာတွေ့တယ်။ ကြားတာတော့ ရဲတွေကပြန်ပစ်လို့ ဖြတ် သွားဖြတ်လာ ကားတစ်စီးကို မှန်ပြီး လူထိသွားတယ်လို့လည်း ကြားတယ်” ဟု ပြောသည်။

ရန်ကုန်-ပုသိမ်လမ်းမပေါ် ထန်းတစ်ပင် တာဆုံအနီးရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရသည်ကို ရိုက်ကူးထားသည့် ရုပ်သံဗီဒီယိုဖိုင်ကိုလည်း လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူနှင့် ပြန်လည်မျှဝေသူလည်း သိန်း ချီရှိခဲ့သည်။

စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်စဉ် ပစ်ကွင်းအတွင်းသို့ ကလေးငယ်တစ်ဦး မထင်မှတ်ဘဲ ရောက်ရှိလာ သဖြင့် ပစ်ခတ်မှုကို စိတ်တိုင်းကျ မလုပ်ဆောင်နိုင်ခဲ့ဘဲ ပစ်အားလျော့ချ တိုက်ခိုက်ခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်က သန်လျင်တံတားအဆင်းရှိ စစ်ကောင်စီ ကင်းစ ခန်းနှင့် တိုင်းရင်းသားကျေးရွာအနီးရှိ ယာဉ်ထိန်းရဲများကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၅ ဦးသေဆုံးသွားသည် ဟုလည်း NUG ၏ ရန် ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“ပစ်သံတော့မကြားလိုက်ဘူး။ စစ်ကားတွေ အများကြီး ရောက်လာတော့ ဆိုင်ကယ်လာဖမ်းတယ်ထင်လို့ မောင်း ပြေးလာတာ။ ပြီးမှသူတို့ အပစ်ခံရတယ်ဆိုတာသိတာ” ဟု ၁၀ ဈေးတွင်ကယ်ရီမောင်းသည့် အသက် ၂၆ နှစ် အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

သန်လျင်တံတားအဆင်း (သံလျှင်ဘက်ခြမ်း) ရှိ စစ်ကောင်စီ ကင်းစခန်းကို ကနဦး ပစ်ခတ်တိုက်ခိုက်ရာ စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ကျည်ထိမှန်ပြီး ၃ ဦးမှာ ပွဲချင်းပြီးသေဆုံးနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၁၀ ဈေးတွင် ဈေးရောင်းချသည့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက “သူတို့(စစ်ကောင်စီ)က သံလျင် တံ တားကနေ သာကေတ အဝိုင်းထိ ပိတ်ချလိုက်တာ ကားတွေ အကုန်ပိတ် ကုန် တာပေါ့။ ၁၀ ဈေးကဆိုင်တွေ လည်း အကုန်ပိတ်ခိုင်းတယ်” ဟု ပြောသည်။

ထို့အတူ တိုင်းရင်းသားကျေးရွာ မီးပွိုင့်တွင် ငွေကြေးတောင်းခံနေသည့် ယာဉ်ထိန်းရဲများကို ဆက်လက်ပစ်ခတ်ခဲ့ ပြီး ယာဉ်ထိန်း ၃ ဦးကို ထိမှန်ကာ ၂ ဦးသေဆုံးနိုင်ဖွယ်ရှိသည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ရောက်ရှိလာပြီး သန်လျင်တံတားနှင့် သာကေတ မြို့နယ် တစ်ဝိုက်ကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ အနေဖြင့် ပျံလွှားအောင်စစ်ဆင်ရေးဖြင့် မင်းအောင်လှိုင်၏ အကြမ်းဖက် လက်နက်ကိုင်များကို စစ်ဆင်တိုက်ခိုက်လျက်ရှိရာ လူထုဘေးကင်းလုံခြုံရေးကို အထူးအလေးထား ဆောင်ရွက် လျက်ရှိသည်ဟုလည်း ထည့်သွင်း ပြောဆိုထားသည်။

အောက်တိုဘာလထဲတွင် ကြည့်မြင်တိုင်မြို့နယ် ဗားကရားချောက် မီးပွိုင့်ရှိ ရဲကင်းစခန်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ရဲ ကင်းစခန်းများကို မောင်းနေသည့်ကားပေါ်မှ မောင်းပြန်သေနတ်ဖြင့် ပစ်ခတ်ခဲ့သကဲ့သို့ ထန်းတပင်ရဲကင်း စခန်း လည်း ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ အောက်တိုဘာလ ၁၆ ရက်နေ့၊ မွန်းလွှဲပိုင်း ၁ နာရီဝန်းကျင်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှု ဇုန်ရှိ စစ်ကောင်စီ တပ်ဆွဲထားသည့်နေရာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် သေနတ်သံများလည်း ကြား ရသည် ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာတွင် စစ်တပ်ကင်းလှည့်ယာဉ်နှစ်စီး တိုက် ခိုက်ခံရပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင်လည်း ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံကျေးရွာအနီး ကင်းလှည့် စစ်ကား တစ် စီး ပစ်ခတ်ခံရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများသည် NUG ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ လုပ်ဆောင်ချက်များ ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံထားသည်။ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကို စက်တင်ဘာလထဲတွင် ဖွဲ့ စည်းထားပြီးဖြစ်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့က  ထုတ် ပြန်ကြေညာထားသည်။

November 8, 2024
ရှမ်း - ကရင်နီ နယ်စပ်တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊...
November 8, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာအုပ်စုရှိ ကဒင်ဝကျေးရွာတွင် ပျူစောထီးများ၏...
November 7, 2024
လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပုံစံမျိုးစုံနှင့် ကျူးလွန်နေသည့် စစ်ကောင်စီက တရားမျှတသော...
khonumthung (ပုံဟောင်း)
November 7, 2024
ချင်းပြည်၊ ပလက်ဝဒေသမှ ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည့် စစ်ရှောင်များ ဆေးဝါး ပြတ်လပ်မှု၊...