သာမည ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးစာရေး ၃ ဦး ပျောက်ဆုံးနေ

သာမည ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးစာရေး ၃ ဦး ပျောက်ဆုံးနေ

ကရင်ပြည်နယ် ဖားအံမြို့နယ် သာမည ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ လုပ်ကိုင်နေသည့် ရုံးစာရေး ၃ ဦးတို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ညတွင် ပျောက်ဆုံးသွားခဲ့ပြီး ယနေ့အထိ အဆက်အသွယ် မရသေးကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ ပျောက်ဆုံးသွားသူ သုံးဦးသည် နိုဝင်ဘာလ ၈ ရက်ည ၈ နာရီဝန်းကျင်ခန့်တွင် ရုံး၌ရှိနေစဉ် အမည်မသိလူ တစ်စုက Honda Fit ခဲရောင်ကားတစ်စီးဖြင့် လာရောက်ခေါဆောင်သွားခဲ့ကြောင်း သာမည ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောသိန်းတင်က ကေအိုင်စီသို့ ပြောသည်။

“ ကျနော်ပြန်ကြားတာကတော့ လက်ထပ်စာချုပ်လုပ်ဖို့အတွက် သူတို့ကို ခေါ်တယ်လို့ သိရတယ်။ သူတို့က ရုံးမှာ လုပ်တဲ့လူတွေဆိုတော့ စာရွက်စာတမ်းတွေထုတ်ပေးတဲ့ ကလေးတွေပေါ့။ လက်ထပ်စာချုပ်လုပ်ဖို့ ကလေးတွေက ည ၈ နာရီနဲ့ ၉ နာရီကြား သွားစောင့်ပြီးတအောင့်အကြာမှာ ကားတစ်စီးဝင်လာတယ်။ နောက်ပြီး  မီးအ ကုန်မိန်းချပြီး အဲဒီကားနောက်လိုက်သွားတယ်။ ကားအနောက်မှာ ဆိုင်ကယ် နှစ်စီးလည်း ပြန်လိုက်ပါသွား တယ်လို့ တွေ့တဲ့လူတွေကပြောတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပျောက်ဆုံးသူများသည် ဦးအောင်ကျော်သူအသက် ၄၀ နှစ်၊ ဦးကြည်ချို အသက် ၂၆ နှစ်နှင့် ဦးသော်သော်သွင် အသက် ၃၀ နှစ်တို့ဖြစ်ကြပြီး အုပ်ချုပ်ရေးမှူးရုံးတွင် စာရေးအဖြစ် လုပ်ကိုင်နေ သူများဖြစ်ကြ သည်ဟု သိရသည်။

ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်ရှိသည့် သာမညကျေးရွာအုပ်စု ရုံးစာရေးများပျောက်ဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ အိန္ဒုနယ်မြေရဲစခန်းတွင် လူပျောက်တိုင်ချက် ဖွင့်ထားသည်ဟုလည်း ၎င်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ ပျောက်ဆုံးနေသူ ရုံးစာရေး သုံးဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ က ဖားအံမြို့တွင်ပြု လုပ်သည့် တပ်ထောက်ခံပွဲတွင် သွားရောက်ပူးပေါင်း ပါဝင်ခဲ့သူများဖြစ်ကြသည်ဟု သာမည ဒေသခံများက ပြောဆိုနေကြသည်။

သာမညကျေးရွာအုပ်စုတွင် ယခုကဲ့သို့အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများပျောက်ဆုံးနေသည့်ကိစ္စကို အကြောင်းပြု၍ ဖမ်းဆီးစစ်ဆေးမှုများ တင်းကြပ်လုပ်ဆောင်မည်ကိုလည်း ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

Most read this week

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...