ဖယ်ခုံမြို့နယ်အတွင်းက ဒေသခံ ၂ ထောင်နီးပါး စစ်ဘေးရှောင်နေရပြီး အဘွားအိုတစ်ဦး သေဆုံး

ဖယ်ခုံမြို့နယ်အတွင်းက ဒေသခံ ၂ ထောင်နီးပါး စစ်ဘေးရှောင်နေရပြီး အဘွားအိုတစ်ဦး သေဆုံး

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကျေးရွာလေးရွာဖြစ်တဲ့ ရွှေပြည်အေး(ကသဲ) ကျေးရွာ၊ ခေါင်းအိကျေးရွာ၊ လွယ်လုံကျေးရွာ၊ လွယ်ဝှဲကျေးရွာ က ဒေသခံ ၂ ထောင်နီးပါး စစ်ဘေးထွက်ပြေးတိမ်းရှောင်နေရသည့်အထဲ အဘွားအိုတစ်ဦး သေဆုံးသွားတယ်လို့ KNDF ဖယ်ခုံဇုန် ထံကနေ သိရပါတယ်။

” အခုထိတော့ ကျနော်တို့ ရွာထဲကို တက်လို့မရသေးဘူး။ ဆုံးသွားတဲ့ အဘွားတစ်ယောက်ကလည်း ရွာထဲမှာပဲရှိတယ်။ ကျန်တဲ့လူကိုလည်း ရွေ့ထားပြီးပြီ လွယ်လုံဆိုတဲ့ ရွာတစ်ရွာကိုလည်း ထပ်ရွေ့ထားတယ်။ အခုလွယ်လုံမှာလည်း စစ်တပ်ကရောက်နေပြီ။ စစ်တပ်က လွယ်လုံတို့ ကသဲတို့မှာ ရောက်နေပြီ။ ကျနော်တို့ကလည်း ဒီဘက်အနီးအနားက ရွာတွေအကုန်လုံး ရွေ့ထားပြီးပြီ” လို့ KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရွာမီးရှို့မယ်ဆိုတဲ့ သတင်းကြောင့် ရွှေပြည်အေး(ကသဲ) ကျေးရွာက အောက်တိုဘာ၂၇ ရက်နေ့မှာ စစ်ဘေးရှောင်ခဲ့ပါတယ်။

ဒါ့အပြင် KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လွယ်ဝှဲကျေးရွာနဲ့ လွယ်လုံကျေးရွာက ဒေသခံတွေ ထပ်မံတိမ်းရှောင်ခဲ့ပြီး အသက်၇၀ အရွယ် အဘွားတစ်ယောက် ဆုံးသွားပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မှာလည်း စစ်ကောင်စီက လာရောက်တပ်စွဲနေတဲ့အတွက် ခေါင်းအိကျေးရွာက ဒေသခံတွေလည်း ထပ်မံတိမ်းရှောင်နေရတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၆ လအတွင်း KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၁၀၀ကျော် ဖြစ်ပွားခဲ့ပြီး ကရင်နီလူ့အခွင့်အရေးအဖွဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ အာဏာသိမ်းပြီး ၉ လအတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသွားသူ ၉၂ ဦးအထိ ရှိသွားပြီလို့ သိရပါတယ်။

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...