မိုင်းယော်ဒေသ လောင်းကစားရုံများ ဖွင့်လှစ် ဒေသခံများစိုးရိမ်

မိုင်းယော်ဒေသ လောင်းကစားရုံများ ဖွင့်လှစ် ဒေသခံများစိုးရိမ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသ အလုပ်အကိုင်ရှားပါးနေသည့်ကြား ကာစီနို (လောင်းကစားရုံ) များ စတင်ဖွင့်လှစ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

 

ထိုကာစီနိုကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်ရှိ ပေ(၁၀၀)ပတ်လည် ခြံဝန်းထဲ အဆောက်အဦးများ ဆောက်လုပ်ပြီး လောင်းကစားရုံဖွင့်လှစ်ထားကြောင်း သိရသည်။

အောက်တိုဘာ လဆန်းပိုင်းက ဖွင့်တာ။ ငွေရှာရခက်တဲ့ချိန်လည်းဖြစ်တော့ ဒီလိုဖွင့်တာ အဆင်မပြေဘူး။ ကျနော်တို့ သူခိုးတွေ ပေါလာမှာကြောက်ရတယ် ” ဟု မိုင်းယော်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါမြင့်တက်နေချိန် အလုပ်အကိုင်ရှားပါးချိန်ကို အခွင့်ကောင်းယူပြီး လောင်းကစားရုံဖွင့်လှစ်နေခြင်းဖြစ်ကြောင်း၊ တဖက်ကလည်း နိုင်ငံရေး ရှုပ်ထွေးနေမှုကို ပြည်သူများ အားရုံမစိုက်နိုင်အောင် တမင် ဖွင့်လှစ်နေသည်ဟု မိုင်းယော်ဒေသခံ များက ပြောသည်။

ငွေရှာရခက်လို့ သွားကစားတဲ့သူ သိပ်မရှိဘူး။ ဒေသခံတွေကတော့ မဖွင့်သင့်ဘူး။ ရောဂါ မရှိလည်း မဖွင့်သင့်ဘူးပေါ့။ မိုင်းယော်ဒေသခံတွေရဲ့ စားဝတ်နေရေးတွေလည်း ထိခိုက်တယ်။ အားလုံး ထိခိုက်လာမယ်။ ရောဂါ ကာလမှာ ပိုပြီး မဖွင့်သင့်ဘူး” ဟု အသက် (၄၀)ကျော် မိုင်းယော်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောင်းကစားရုံထဲတွင် ဖဲဝိုင်းများ၊ လေးကောင်ဂျင်၊ ငါးမန်း စသည့် လောင်ကစားနည်းများ ရှိနေကြောင်း သိရှိရသည်။

ထိုလောင်းကစားရုံကို ဇွန်လိုင်လကစတင်ပြီး အဆောက်အဦးများ၊ လောင်းကစားခုံများ ပြင်ဆင်ခဲ့တာဖြစ်ကြောင်း သိရှိရသည်။

မိုင်းယော်ကျေးရွာအုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကိုးကန့် (MNDAA)၊ တအာင်း(ပလောင်) TNLA ၊ ရခိုင်တပ်မတော် (AA) ၊ ကချင်တပ်မတော် (KIA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အာဏာသိမ်း စစ်ကောင်စီ တို့ လှုပ်ရှားရာ ဒေသဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ (၂၇) ရက်တွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်ဖြင့် မိုင်းယော်ကျေးရွာအနီး ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ကြသည်။

Most read this week

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...