Published
Monday, October 25, 2021
ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲကြောင့် လူ ၃ ယောက်ထိခိုက်ဒဏ်ရာရ
ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကလေးတစ်ယောက်အပါအဝင် လူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တရုတ်နယ်စပ် မုံးကိုးအနီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မြန်မာစစ်တပ်ဘက်က စနိုက်ပါသမားတစ်ယောက် ကိုးကန့်ဘက်ကို လက်နက်ချ ဝင်ရောက်လာခဲ့ပါတယ်။
ကချင်ပြည်နယ်က ဖမ်းဆီးခံသတင်းထောက်တွေ ပြန်လွတ်လာတာနဲ့ ပတ်သက်လို့ သတင်းဌာနတွေရဲ့ ပြောဆိုချက်တွေကိုတော့ နောက်ပိုင်းမှာ တင်ဆက်ထားပါတယ်။