တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းအားလုံး ပိတ်ထားခြင်းကြောင့် ဟုမ္မလင်းမြို့နယ်ရှိ ဖရဲစီးစိုက်ပျိုးတောင်သူများက မျိုးစိတ်ပျက်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း တောင်သူများထံမှ သိရသည်။
“တရုတ်ဘက်မလာတော့ ထိုင်းဘက်ကလာတဲ့မျိုးစေ့နဲ့ စိုက်ရတယ်။ ငါးရာကျော် ငါးရာအနည်းဆုံးပါတယ်လို့ပြောတယ်။ စျေးကွက်ကလည်း လုံးကြီး လုံးသေး သွားကွာတာကိုး မနှစ်က လုံးကြီးက ပေါ်ခါစ အချိန်မှီလို့ရင် လေးငါးထောင်ဆိုတာ အနည်းဆုံး အောက်ထစ်ရောင်းရတာကိုး၊ ထိုင်းဘက်ကလာတဲ့ မျိုးစေ့ကတော့ မနှစ်ကရောင်းရတာမှ နှစ်ထောင်နဲ့ သုံးထောင်ပဲရှိတယ်။ အလုံးငယ်တာကိုး သူက” ဟု ဟုမ္မလင်းမြိုန့ယ်က ဖရဲစိုက်တောင်သူတစ်ဦးကဆိုသည်။
လွန်ခဲ့သည့်နှစ်များက ဟုမ္မလင်းမြို့တွင် စျေးကောင်းရသည့် တရုတ်နိုင်ငံထုတ် ဖရဲမျိုးစေ့များကို အဓိကစိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်။
တရုတ်-မြန်မာနယ်စပ်ဂိတ် စုစုပေါင်း (၈) ခုရှိသည့်အနက် (၇) ခုကို ဇူလိုင်လက ယာယီပိတ်ထားခဲ့ပြီးနောက် အောက်တိုဘာလ (၆) ရက်နေ့တွင် တစ်ခုတည်းကျန်ရှိသည့် ချင်းရွှေဟော်ဂိတ်ကိုလည်း ထပ်မံပိတ်လိုက်ကြောင်း သိရသည်။