မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားက ဈေးဆိုင်ခန်းတွေကို လေလံကြေးပေးသွင်းစရာမလိုဘဲ ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်တယ်လို့ ဂေါပကအဖွဲ့ထံက သိရပါတယ်။
တိုင်းပြည်အခြေအနေနဲ့ အခြားစီးပွားရေးအခက်အခဲတွေကြောင့် လေလံကြေးကို ယာယီကင်းလွတ်ခွင့် ပေးထားတာ ဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
"ကိုဗစ်ကြောင့် ပိတ်ထားတာလဲ ကြာပြီ။ ခရီးသွားတွေကလည်း ဝင်ရောက်မှု သိပ်မရှိဘူးဆိုတော့လေ အရင်ကလောက်လည်း မများသေးဘူး။ အဲဒါကြောင့် ဖြေလျော့ပေးထားတာပါ" လို့ ပြောပါတယ်။
ယခင်ကဲ့သို့ ခရီးသွားဝင်ရောက်မှု များပြားလာတဲ့အချိန်ရောက်မှသာ လေလံကြေးကို ပြန်လည်ကောက်ခံသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဈေးဆိုင်ခန်းတွေကို လေလံကြေး ယာယီကင်းလွတ်ခွင့် ပြုခဲ့ပေမယ့် ဘုရားရင်ပြင်တော်မှာတော့ ဈေးရောင့်ခွင့်မပြုထားဘူးလို့ သိရပါတယ်။
ဘုရားရင်ပြင်တော်မှာ ဈေးရောင်းတဲ့သူတွေကိုတော့ ဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကျိုက်ထီးရိုးဘုရားဈေးဆိုင်ခန်းတွေရဲ့ လေလံကြေးကတော့ နေရာပေါ်မူတည်ပြီး သိန်းဆယ်ဂဏန်းထိ အထိ ပေးဆောင်ကြရတာဖြစ်ပါတယ်။