ရေးမြိုနယ်မှာတော့ ပုဂ္ဂလိက လျှပ်စစ်ရယူသုံးစွဲနေသူတွေ မီတာခဈေးနှုန်း မြင့်တက်လာတဲ့အတွက် အခက်တွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်သုံးဆီ ဈေးနှုန်း ဆက်လက်မြင့်တက်လာတဲ့အတွက် မီတာခယူနစ်တွေလည်း အောက်တိုဘာ ၄ ရက်ေန့ကစပြီး တိုးမြင့်လာတာဖြစ်တယ်လို့ ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
"မီးကတော့ မရှိမဖြစ်လိုတာပေါ့။ အခုက မီတာခက ဈေးအရမ်းကြီးလာတော့ မလိုအပ်ရင်မသုံးဖို့ ပိတ်ဖို့ လုပ်ရတော့တာပေါ့။ မဟုတ်ရင် တစ်အိမ်လုံးရှာသမျှက မီတာခပေးတာနဲ့ ကုန်မှာပဲ" လို့ သူကပြောပါတယ်။
အရင်က တစ်ယူနစ် ငွေကျပ် ၆၀၀ ကောက်ခံနေရာမှ အခုတော့ ၈၀၀ ကျပ်ထိ တိုးမြှင့်ကောက်ခံလာတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
ရေးမြို့နယ် ဒေသခံတစ်ဦးက "မီတာခ တိုးမယ်ဆိုတာ ဒီ ၄ရက်နေ့မှ သိတာပေါ့။ ဆီဈေးထပ်မြင့် ထပ်တိုးမယ့်ပုံရှိတယ်။ ဆီဈေးတွေ အရင်လို ပြန်ကျရင်တော့ မီတာခကို ပြန်လျော့ပေးမယ်လို့တော့ပြောတယ်" လို့ ပြောပါတယ်။
လက်ရှိမှာ စားဝတ်နေရေး အခက်အခဲရှိနေကြတဲ့အတွက် မီတာခ ပြန်လည်ကျဆင်းလာဖို့ မျှော်လင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ် ၁၀ မြိုနယ်အတွင်းမှာတော့ ရေးမြိုနယ်တစ်ခုတည်းသာ လျှပ်စစ်မီး မရရှိသေးတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရေးမြိုနယ်ရဲ့ လျှပ်စစ်မီးကို ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီများက ပေးဝေနေတာဖြစ်ပါတယ်။