ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကျင်းပကာ CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်သူ့တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာကြတဲ့ CDM ရဲတပ်ဖွဲ့ဝင်များနဲ့ မိသားစုဝင်များအား ပြန်လည်စုစည်းပြီး ဘေးကင်းလုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ပေးနိုင်ရန်၊ CDMရဲတပ်ဖွဲ့ဝင်များနဲ့ မိသားစုများအကြား ဖြစ်ပေါ်လာမယ့် အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန်၊ CDM မပြုလုပ်ရသေးတဲ့ ရဲတပ်ဖွဲ့ဝင်များအား CDM နဲ့ Pre CDM များပြုလုပ်လာစေပြီး အနာဂတ်ဖက်ဒရယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကြောင်း ရေးသားဖော်ပြထားပါတယ်။