စစ်ရှောင်ကူညီသူ ၃၀ ဝန်းကျင်ဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူ ၂ ရာကျော်အထိ ရှိလာ

စစ်ရှောင်ကူညီသူ ၃၀ ဝန်းကျင်ဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူ ၂ ရာကျော်အထိ ရှိလာ

ကရင်နီစစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း ၃၀ ဝန်းကျင် ဖမ်းဆီးခံရပြီး ကရင်နီပြည်နယ်အတွင်း ဖမ်းဆီးခံရသူ ၂ ရာကျော်အထိ ရှိလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဦးဗညားက ပြောပါတယ်။

“စစ်ရှောင်ကူညီတဲ့သူများတယ် အရင်တလောမှတ်တမ်းတင်ထားတဲ့ထဲမှာ ၂၂ ဦးရှိတယ်။ ဖြစ်စဉ်တစ်ခုနှစ်ခုရှိသေးတယ်။ အဲ့ဒါပေါင်းရင်တော့ ကျနော်ထင်တာတော့ ၃၀ဝန်းကျင်လောက် ကပ်လာတယ်ပေါ့နော။ ပုံစံ ၂ ခုနဲ့ ဖမ်းဆီးတာတွေ့ရတယ်။ ပထမတစ်ခုက စားနပ်ရိက္ခာ သယ်နေရင်းပေါ့နော ဖမ်းဆီးခံရတာရှိတယ်။ စားနပ်ရိက္ခာပြန်သယ်ဖို့ကြိုးစားနေရင်းနဲ့ ဖမ်းဆီခံလိုက်ရတယ် အဲဒါအများစုဖြစ်တယ်။ နောက်တစ်ခုကတော့ အနည်းစုပေါ့ မရှိရင်တောင်မှ ၁၀ ယောက်ဝန်းကျင်နီးပါးလောက်ရှိတယ်။ စစ်ရှောင်တွေကို ဆန်၊ ဆီ သယ်ပေးနေရင်းတန်းလန်းနဲ့ ဖမ်းဆီးခံလိုက်ရပြီး သူတို့ကွင်းဆက်ပေါ့။ ပြန်လိုက်ပြီးတော့ တချို့မြို့ပေါ်မှာပေါ့နော ကူညီပေးတဲ့သူကို ဖမ်းတဲ့ဟာမျိုးပေါ့ တွေ့ရပါတယ်။” လို့ ဦးဗညားက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ဒေသခံပြည်သူတွေကို ဖမ်းဆီးမှုစာရင်းအရ ၂၁၀ ဝန်းကျင်ရှိနေပြီး အများစုမှာ ဖမ်းဆီးပြီး အမှုတင်စွပ်စွဲမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူများအနက် အသက်အငယ်ဆုံး ၁၅ နှစ်မှ အသက်အကြီးဆုံး ၅၀ ကျော်အထိဖြစ်ပြီး အများစုမှာ ၂၀ ကျော်အရွယ်၊ ၃၀ ဝန်းကျင်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူများအနက် ပုဒ်မ ၅၀၅(က) ဖြင့် ၁၁၂ ဦး၊ ပုဒ်မ ၃၀၂ ဖြင့် ၇ ဦး၊ ပုဒ်မ ၁၉(စ) ၆ ဦး၊ ပုဒ်မ ၁၇ (၁) ဖြင့် ၄ ဦးနဲ့ အခြားဖမ်းဆီးခံရသူတွေလည်းရှိနေသေးတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုရဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့တွင်း၊ အဝင်အထွက်တွေမှာ စစ်ဆေးရေး တင်းကြပ်နေတာကြောင့် စစ်ရှောင်ကူညီပေးသူတွေအတွက် သွားလာရေးမှာ အခက်အခဲရှိနေပြီး တဆင့်ပြီးတဆင့် လွှဲပြောင်းနေရတဲ့အတွက် ကြန့်ကြာမှုရှိနေတယ်လို့ လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်း စစ်ဘေးရှောင်တစ်နေရာမှာ ကူညီပေးနေသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဓိက သယ်ယူပို့ဆောင်ရေးမှာပေါ့နော။ ကျမတို့သွားသယ်တဲ့အချိန်မှာ အများအားဖြင့်တော့ တောလမ်းကနေပဲ သွားရတာများတယ်ပေါ့နော။ ခြေလျင်နဲ့သော်လည်းကောင်း ကားနဲ့သွားရင်လည်း မိုးရာသီဆိုတော့ လမ်းကြမ်းတာဖြစ်တဲ့အတွက် လူနဲ့ပဲသယ်ရတာ များတယ်ပေါ့နော။ အခက်အခဲကတော့ အဲ့ဒါတစ်ခုရှိမှာပေါ့နော။ ပစ္စည်းသွားဝယ်တဲ့ချိန်ကနေ ဒီလာတဲ့အထိဆိုရင် ကြန့်ကြာတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် လုံခြုံရေးအရ သွားရေးလာရေးမှာ အခက်အခဲရှိတော့ တဆင့်ပြီးတဆင့် လွှဲပြောင်းပြီးသွားနေရတဲ့အတွက် နည်းနည်းကြန့်ကြာတာမျိုးရှိတယ်။” လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ စစ်ရှောင်ကူညီပေးနေတဲ့ ရိက္ခာတင်ယာဉ်ကားတစ်စီးကို မမေးမြန်းဘဲ ပစ်ခံရတဲ့အတွက်ကြောင့် စိုးရိမ်မှုဖြစ်စေပြီး စစ်ရှောင်အတွက် စားနပ်ရိက္ခာ အခက်အခဲပိုဖြစ်စေတယ်လို့ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်း စစ်ရှောင်ကူညီပေးသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဘယ်သူဘယ်ဝါဆိုတာကို မမေးမြန်းဘဲနဲ့ တွေ့ရာကို ကောက်ပစ်လိုက်တဲ့ အနေအထားမျိုးဖြစ်တော့ အများကြီးစိုးရိမ်တာပေါ့။ ကျနော်တို့ အသက်အန္တာရာယ် အများကြီးစိုးရိမ်တယ်။ ကံမကောင်းရင် ကျနော်တို့အချိန်မရွေး Volunteer တွေ အသက်ပါသွားနိုင်တာပေါ့နော။ အများကြီးတော့စိုးရိမ်တာပေါ့ ဆိုတော့ ဒီလိုမျိုးပဲ ဆက်ပြီးတင်းကြပ်နေမယ်ဆိုရင် မမေးမမြန်းဘဲ ဆက်ပြီးပစ်ခတ်နေမယ်ဆိုရင်တော့ ကျနော်တို့ Volunteer တွေလည်းဆက်လုပ်ရှားဖို့ စစ်ရှောင်ကူညီပေးဖို့ မဖြစ်နိုင်တော့ဘူး။ စစ်ရှောင်ကြားမှာဆိုရင်တော့ စားနပ်ရိက္ခာအများကြီး အခက်အခဲပိုဖြစ်သွားနိုင်တာပေါ့နော။” လို့ သူက ဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ မေလကနေစပြီး ယနေ့အချိန်ထိ ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ တစ်သိန်းသုံးသောင်းကျော်အထိ ရှိလာပါတယ်။

Most read this week

November 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းက နိုးကိုးကျေးရွာအုပ်စုအတွင်းမှာနေထိုင်တဲ့...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်းများ။  (ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )
November 19, 2024
နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက...
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း။ (ဓါတ်ပုံ - Khun Yaw Han )
November 18, 2024
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို ဒီကနေ့ နိုဝင်ဘာလ ၁၈...