အာဏာသိမ်းအပြီး စစ်တပ်ကသတ်လို့ သေဆုံးရတဲ့ အပြစ်မဲ့ပြည်သူဦးရေ ၁၀,၀၀ ကို ကပ်လာခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူက ၇၀၀၀ ကျော်သွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသူ အတိအကျမှာ ဩဂုတ်လ ၂ ရက်နေ့ထိ ၉၄၅ ဦး ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၇၀၂၆ ယောက်အနက် ၅၄၇၄ ယောက်မှာ ချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။
အဆိုပါစာရင်းထဲမှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး အသက် ၁၈ နှစ်အောက် ကလေး နှစ်ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရတာပါ။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ယောက်ရှိပါတယ်။ ဒီစာရင်းတွေဟာ AAPP ကနေ ကောက်ခံရရှိ၊ ပေးပို့လာတဲ့စာရင်းတွေပဲဖြစ်ပါတယ်။