ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာ

ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင်း ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဇွန်လ နောက်ဆုံးအပါတ်အတွင်း ကိုဗစ်ပိုးတွေ့သူ ခုနစ်ဦးထိရှိလာကြောင်း သိရသည်။

 

ဗန်းမော်မြို့တွင် ဇွန် ၂၈ ရက် ဗန်းမော်ဆေးရုံတွင် တာဝန်ထမ်းဆောင်သည့် သူနာပြုတစ်ဦးနှင့် ၎င်းနှင့်ဆက်စပ်သူနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ခဲ့ပြီးနောက် ဇွန် ၃၀ ရက်တွင် ကိုဗစ်ပိုးတွေ့လူနာ လေးဦး ထပ်မံတိုးလာသဖြင့် စုစုပေါင်း ခုနစ်ဦးထိရှိလာကြောင်း ပိုးတွေ့လူနာများနှင့် နီးစပ်သူများထံမှ သိရသည်။

 

“ထပ်တွေ့တာပေါ့နော်။ တစ်ယောက်က ဗန်းမော်မန်းကားဂိတ်က ကားမောင်းတဲ့သူ၊ နောက်တစ်ယောက်က ခရီးသည်၊ ကျန်တဲ့တစ်ယောက်တော့ ဘယ်ကလဲတော့ တိတိကျကျ မသိရသေးဘူး။ နောက်တစ်ယောက်က ဆရာမနဲ့ဆက်စပ်တဲ့သူ ပိုးထပ်တွေ့တာ လေးယောက်ဆိုတာတော့ သေချာတယ်” ဟု ပိုးတွေ့လူနာနှင့် နီးစပ်သူများက ပြောသည်။

 

အဆိုပါ ပိုးတွေ့လူနာများအား ဗန်းမော်ဆေးရုံတွင် ဆေးကုသပေးနေကြောင်းလည်း သိရသည်။

 

ကိုဗစ် တတိယလှိုင်း ပြန်လည်မြင့်တက်လာချိန်တွင် ဗန်းမော်မြို့တွင် ရက်ပိုင်းအတွင် ပိုးတွေ့လူနာ ခုနစ်ဦးထိရှိလာသဖြင့် လူထုအစိုးရလက်ထက် ကိုဗစ်ကာလထက် ကိုဗစ်ဖြစ်ပွားမှု အဆမတန်မြင့်တက်လာကြောင်း တွေ့ရသည်။

 

စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ပိုးတွေ့လူနာ ၂၀ ကျော်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...